Social
ကချင်ပြည်နယ်မိုးညှင်းမြို့နယ် ၌ ပထမဆုံး ကျောက်စိမ်းစေတီတော် တည်ထားကိုးကွယ်မည်
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန် ကျေးရွာ လွဲခမ်းတောင်ခြေအနီး ရှေး ဟောင်းတောရကျောင်း တောင်ထိပ်တွင် ပထမဆုံး ကျောက်စိမ်းစေတီ တည်ထားကိုးကွယ်မည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်၌ ပထမဆုံးအကြိမ် တည်ထားကိုးကွယ်မည့် ကျောက်စိမ်း စေတီ မြေနေရာကို စုပေါင်းရှင်းလင်း၍ မြေသန့်အန္တရာယ်ကင်း ပရိတ်တရားတော် များကို ရွတ်ဖတ်ပူဇော်ပြီး ကျောက်စိမ်း စေတီတော် ဖြစ်မြောက်ရေးအတွက် စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု လမ်းပိုင်းရှိ မော်ဟန်လွဲခမ်းတောင် အန္တရာယ်ကွေ့နှင့် ပေ ၁၂ဝဝဝ ကျော်ခန့် အကွာ အရှေ့ဘက်တောင်ခြေမှ အမြင့် ပေ ၄ဝဝ ခန့်ရှိ ရှေးဟောင်းတောရကျောင်း တောင်ကုန်းမြေနေရာတွင် အန္တရာယ် ကင်း ကျောက်စိမ်းစေတီတော်ကို တည် ထားကိုးကွယ်နိုင်ရန်အတွက် မော်ပင့် ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ကြီးမှူး၍ မြေနေရာ ရှင်းလင်း ချဲ့ထွင်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ တတိယပတ်ကစတင်၍ ဆောင်ရွက်လျက်ရှိသည်။
စက်ယ္တရားများ ဖြင့် လုပ်အားဒါန ပေးလှူကြသူများက ကျောက်စိမ်းစေတီတော် တည်မည့် မြေပြန့်အကျယ် တစ်ဧကကို စုပေါင်း ရှင်းလင်းခဲ့ခြင်းများပြုလုပ်၍ ကုသိုလ်ယူခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောက်စိမ်း စေတီတော်ကို ကချင်ပြည်နယ်တွင် ပထမအကြိမ် စတင်တည်ထားကိုးကွယ် မည်ဖြစ်ကြောင်း၊ စေတီတော်တည်ထားမည့် အရွယ်အစား ပုံသ္ဌာန်နှင့် ပမာဏတို့ကို သာသနာရေးဝန်ကြီးဌာန နိုင်ငံတော် သံဃနာယကထံသို့ တင်ပြခဲ့ပြီး သာသနာ ရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးတိုင်ပင်၍ ခွင့်ပြုချက်များကို ရယူကာ မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်း ကျောက်စိမ်းစေတီတော်ကို တည်ထား ကိုးကွယ်နိုင်ရန်အတွက် အရည်အသွေး ပြည့်မီသော ကျောက်စိမ်းအရိုင်းတုံးများ၊ ကျောက်စိမ်းဖြတ်စများကို မော်ဟန် ကျောက်မျက်လုပ်ငန်းရှင်များက လှူဒါန်း မည်ဖြစ်ပြီး ဖားကန့်ကျောက်မျက် လုပ်ငန်းရှင်ကုမ္ပဏီများကလည်း လိုအပ် သည်များကို ပံ့ပိုးလှူဒါန်းမည် ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းတွင်ပါရှိသည်။ (Xinhua)