Connect with us

Social

ကဆုန်လအတွက် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်

စာပို့တံဆိပ်ခေါင်းသစ် အား တွေ့ ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

မြန်မာ့စာတိုက် လုပ်ငန်းမှ (၁၂) လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် ကဆုန်လအတွက် ညောင်ရေသွန်း ပွဲနှင့် စကားဝါပန်း ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးကို မေ ၄ ရက် နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး / ပြည်နယ်များရှိ လုပ်ငန်းပြည့် စာတိုက် အသီးသီးတွင် ရောင်းချသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ မေ ၄ ရက်တွင် ဝယ်ယူသော စာပို့ တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.