Connect with us

Social

ငါးဖမ်းရေယာဉ်များ၏ ၂ဝ ရာခိုင်နှုန်းကိုသာ အလှည့်ကျစနစ်ဖြင့် ငါးဖမ်းခွင့်ပြု

ရန်ကုန်မြစ်အတွင်း ဒလဘက်ကမ်း၌ ပင်လယ်ပြင် ငါးဖမ်းသင်္ဘော အများအပြားအား တွေ့ရစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)

မြန်မာ့ပင်လယ်ပြင်၌ ငါးသယံဇာတများ မျိုးသုဉ်း ပျောက်ကွယ်ခြင်းမှ ကာကွယ်စောင့်ရှောက်ရန်အတွက် ငါးမဖမ်းရ ရာသီအတွင်း ငါးဖမ်းရေယာဉ်များ၏ ၂ဝ ရာခိုင်နှုန်းကိုသာ အလှည့်ကျစနစ်ဖြင့် ငါးဖမ်းခွင့်ပြုထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

မြန်မာ့ကမ်းရိုးတန်း ပင်လယ်ပြင်တွင် ငါး၊ ပုစွန်များ သားပေါက်ပွားသည့် ရာသီချိန် ဖြစ်သောကြောင့် ယခု မေလ ၁၆ ရက်နေ့မှ သြဂုတ်လ ၁၅ ရက်နေ့ ကာလအတွင်း ငါးဖမ်းဆီးခြင်းများ မပြုလုပ်ကြရန်၊ အသိပေး ကြေညာတားမြစ်ထားခြင်းဖြစ်ပြီး ကမ်းဝေးငါးဖမ်းရေယာဉ်များ၏ ၂ဝ ရာခိုင်နှုန်းကိုသာ အလှည့်ကျ စနစ်ဖြင့် ငါးဖမ်းခွင့်ပြုထားကြောင်း သိရသည်။

ငါးမဖမ်းရ ရာသီအဖြစ် ယခုလ မေ ၁၆ ရက်မှ သြဂုတ်လ ၁၅ ရက် စုစုပေါင်း (၃)လ ကြာမြင့်သည်အထိ သတ်မှတ်ထားရာ မေလ ဒုတိယပတ်က စတင်ပြီး ရန်ကုန်မြစ်အတွင်း ဒလဘက်ကမ်း၌ ပင်လယ်ပြင် ငါးဖမ်းသင်္ဘော အများအပြား ဆိုက်ကပ် ရောက်ရှိနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.