Connect with us

Social

ရာသီဥတု ပြင်းထန်ခြင်း နှင့် ရာသီ အကူးအပြောင်း ကာလတွင် တိရစ္ဆာန် ကူးစက် ရောဂါ ကြိုတင် ကာကွယ်ရေး အသိပေး

ငါးမွေးမြူသည့် ကန် တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ-မွေးရေ/ကျေးလက်)

ရန်ကုန် ၊ မေ ၂၃ ရက်(ဆင်ဟွာ)

ရာသီဥတုပြင်းထန်ခြင်းနှင့် ရာသီအကူးအပြောင်းကာလတွင် တိရစ္ဆာန်များ၌ ကူးစက်ရောဂါများ ကျရောက် ဖြစ်ပွား နိုင်ပြီး ပျက်စီးဆုံးရှုံးမှု များ ဖြစ်ပေါ်စေနိုင်သဖြင့် ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာ ဆောင်ရွက်နိုင်ရန် အသိပေးနှိုးဆော်ချက်များအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

တိရစ္ဆာန် ကူးစက် ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အတွက် တိရစ္ဆာန်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူး ဂရုပြု ဆောင်ရွက်ရန် ၊ မွေးမြူရေးခြံများတွင် ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းကို စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်းနှင့် ပုံမှန် ပြုလုပ် ဆောင်ရွက်ရန် ၊ တိရစ္ဆာန် ရောဂါ ကာကွယ်ဆေး များကို ပုံမှန်ထိုးနှံကြရန် ၊ ရောဂါဖြစ်သည်ဟု သံသယဖြစ်သော တိရစ္ဆာန် များအား သီးခြား ခွဲထားရန် ၊ ရောဂါဖြစ်တိရစ္ဆာန်ကို အခြားတိရစ္ဆာန်များနှင့် ဝေးရာတွင် သီးခြားချည်နှောင်ထား၍ လွှတ်ကျောင်းခြင်း၊ အခြားနေရာသို့ မောင်းနှင်ရွှေ့ပြောင်းခြင်း မပြုခြင်းများအား လိုက်နာဆောင်ရွက်နိုင်ရန် အသိပေး နှိုးဆော်ခဲ့သည်။

ထို့အတူ တိရစ္ဆာန်များကူးစက်ရောဂါဟု သံသယဖြစ်ဖွယ်ရှိပါက နီးစပ်ရာ မွေးမြူရေးနှင့် ကုသရေး ဦးစီး ဌာန နှင့် ဆက်သွယ်၍ ဆေးကုသမှု အမြန် ဆောင်ရွက်ရန် ၊ တိရစ္ဆာန်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးမှုရှိပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာ နိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံ သတင်းပို့ရန် ၊ အသေကောင်များအား စားသောက်ခြင်းမပြုရန်၊ စနစ်တကျ မြေမြှုပ် ဖျက်ဆီးရန် ၊ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင် ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အကြောင်းကြား ဆက်သွယ်ရန်၊ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် အသိပေး နှိုးဆော်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.