Connect with us

Social

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျပ်သန်းပေါင်း ၄၀,၀၀၀ကျော်သုံးစွဲပြီး အဓိက တံတားကြီး ၄ စင်း တည်ဆောက်မည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ဆောက်ဆဲနှင့် တည်ဆောက်ပြီး တံတားများအား တွေ့ရစဉ်( စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ကျပ်သန်းပေါင်း ၄၀,၀၀၀ကျော်သုံးစွဲပြီး အဓိက တံတားကြီး ၄စင်း တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထံမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အဓိက တံတားကြီးများအဖြစ် ချင်းတွင်းမြစ်ကူးတံတား(တမံသီ)ကို ကျပ်သန်း ၃၃,၀၀၀ သုံးစွဲပြီး ပေအရှည် ၂၆၂၅ ပေတံတား အဖြစ်လည်းကောင်း၊ မြစ်သာမြစ်ကူးတံတား(ကလေး)ကို ကျပ်သန်း ၅၁၅၉ သုံးစွဲပြီး ပေအရှည် ၈၈၅ပေ တံတားအဖြစ်လည်းကောင်း၊ ကြိုးတံတားအဆင့်မြှင့်တင်မည့် ဥတုချောင်းတံတား(ဟုမ္မလင်း)ကို ကျပ်သန်း ၁၅၀၀ သုံးစွဲပြီး ပေအရှည် ၅၄၀ ပေတံတားအဖြစ်လည်းကောင်း၊မြောက်ယမားတံတား(ပုလဲ)ကို ကျပ်သန်း ၂၈၀၀ သုံးစွဲပြီး ပေအရှည် ၇၉၀ပေတံနားအဖြစ် လည်းကောင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လေးနှစ်တာကာလအတွင်း ပေ ၁၈၀အထက် တံတား (၁၇)စီးနှင့် ပေ ၁၈၀ အောက် တံတား (၅၅၆)စင်းကိုလည်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ယင်းတိုင်းဒေသကြီးအတွင်း တည်ဆောက်ဆဲတံတားများဖြစ်သည့် မူးမြစ်ကူးတံတား(ရေဦး)၊ မူးမြစ်ကူးတံတား(ပင်လည်ဘူး)၊ နန့်စလိန်တံတား(ခန္တီး-လဟယ်)နှင့် နန့်အယားတံတား(တမူး-ဟုမ္မလင်း)စသည့် တံတားများကိုလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း၊ အဆိုပါ တံတား(၄)စင်းကို ကျပ်သန်းပေါင်း ၁၂,၀၀၀ကျော် သုံးစွဲတည်ဆောက်လျက်ရှိကြောင်းသိရသည်။

” အစိုးသက်တမ်း ၄နှစ်အတွင်း တည်ဆောက်ပြီးတဲ့ ပေ ၁၈၀အထက် တံတားဆို ၇၆စင်း၊ ပေ ၁၈၀အောက်တံတားဆိုလည်း ၃,၃၉၄စင်း တည်ဆောက်ပြီးခဲ့တယ်၊ လမ်းတွေဆိုလည်း အများကြီး အဆင့်မြှင့်တင်ပေးခဲ့တယ်၊ အဓိက မြစ်ကူးတံတားကြီး (၄)စင်းလည်းတည်ဆောက်ပြီး ဖွင့်လှစ်ပေးခဲ့တယ်၊ ထပ်လည်း အဓိကတံတားတွေ တည်ဆောက်ပေးနေတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.