Connect with us

Social

စစ်ကိုင်းတိုင်းဒေသကြီး တွင်ကမ်းပြိုကာကွယ်ရေး အတွက် ငွေကျပ် ၉ ဘီလီယံခန့် အသုံးပြုဆောင်ရွက်မည်

ကမ်းပြိုကာကွယ်ရေးဆောင်ရွက်နေမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းပေါင်း ၄၅ ခုကို ငွေကျပ် ၉ ဘီလီယံခန့် အသုံးပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ဒေသ ၆ စစ်ကိုင်းတိုင်းဒေသကြီးရုံး မုံရွာမြို့)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းတင်ဒါဖြင့်ဆောင်ရွက်မည့်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၂၀ခု ရှိပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ဒေသ ၆ စစ်ကိုင်းတိုင်းဒေသကြီးရုံး မုံရွာမြို့)မှ ကြီးကြပ်ဆောင်ရွက်မည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းပေါင်း ၂၅ခု စုစုပေါင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းပေါင်း ၄၅ ခုကို ယခုနှစ်အတွင်း တိုင်းဒေသကြီးအစိုးရ၏ရန်ပုံငွေကျပ် ကိုးဘီလီယံခန့် အသုံးပြုဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရေလမ်းညွှန်အမှတ်အသားများချထားဆောင်ရွက်ပေးသည့် လုပ်ငန်းများကို လအလိုက်၊ ရေလမ်းပိုင်း အလိုက် ရေနည်းကာလများတွင် ဆောင်ရွက်ပေးလျက်ရှိပြီး ယခင်နှစ်အတွင်း ဒီဇင်ဘာလမှ မတ်လအထိ ရေပေါ်အမှတ်အသား ၁၅၉၀ခု၊ ကမ်းပေါ်အမှတ်အသား ၁၄၈၀ခု နှင့် တစုန်းငုတ်ရေ ၃၅ ခု (၅၅ တန်) တို့ကိုနှုတ်ယူဆောင်ရွက်ပေးခဲ့ကြောင်းဖေဖော်ဝါရီလ ၃ ရက် ကြေးမုံသတင်းစာမျက်နှာတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.