Connect with us

Social

စစ်ကိုင်းတိုင်းဒေသကြီး၊ ထမံသီဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ် အဖြစ်သတ်မှတ်

ထမံသီဘေးမဲ့တောအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီး ထမံသီဘေးမဲ့တောကို အာဆီယံအမွေ အနှစ်ဥယျာဉ် (ASEAN Heritage Park – AHP) အတည်ပြု သတ်မှတ်လိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် အောက်တိုဘာ ၇ ရက်မှ ၁၀ ရက်အတွင်း ပြုလုပ်သည့် (၁၅) ကြိမ်မြောက် အာဆီယံ သဘာဝပတ်ဝန်းကျင် ဝန်ကြီးများ အစည်းအဝေး တွင် ASEAN Centre for Biodiversity   ထုတ်ပြန်ချက်အရ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးရှိ တနင်္သာရီ ဘေးမဲ့တောနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ထမံသီဘေးမဲ့တောနှစ်ခုကို မြန်မာ နိုင်ငံအတွက် အာဆီယံအမွေအနှစ်အဖြစ် လျှောက်ထားရာ ထမံသီဘေးမဲ့တောသည် လျှောက်ထားသည့် အချက် အလက် ပြည့်စုံသည့်အတွက် အာဆီယံအမွေအနှစ်ဥယျာဉ် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း ၂၁၅၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဇီဝမျိုးစုံမျိုးကွဲ အကြွယ်ဝ ဆုံးသဘာဝ ထိန်းသိမ်းရေး နယ်မြေအဖြစ် တည်ရှိနေသည်။

မြန်မာနိုင်ငံအင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့ တော၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ အင်းလေးကန်၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ နတ်မတောင် အမျိုးသား ဥယျာဉ်နှင့် လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်တို့သည် အာဆီယံအမွေအနှစ်ဥယျာဉ်များဖြစ်ကြကာ ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ထပ်တိုးလာသဖြင့် အာဆီယံ အမွေအနှစ် ဥယျာဉ်ရှစ်ခုရှိပြီဖြစ်ကြောင်းကြေးမုံသတင်းစာ တွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.