Connect with us

Social

မြန်မာနိုင်ငံတွင် ကျားကျင်လည်ကျက်စားရာ နယ်မြေ၏ရှစ်ရာခိုင်နှုန်းအတွင်း ကျားများရှင်သန်ကျက်စားလျက်ရှိ

ဘေးမဲ့တောတစ်ခုရှိကျားတစ်ကောင်အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံအတွင်း ကျားများ ကျင်လည်ကျက်စားသည့် နယ်မြေ၏ ရှစ်ရာခိုင်နှုန်းအတွင်း အနည်းဆုံး ကျား ၂၂ ကောင် ရှင်သန်ကျက်စားလျက်ရှိကြောင်း သစ်တောဦးစီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံအတွင်း ကျားများ ကျင်လည်ကျက်စား သည့် နယ်မြေသည် နိုင်ငံဧရိယာ၏ ခုနစ်ရာခိုင်နှုန်းခန့် ဧကအားဖြင့် ၁၂ သန်းကျော်ရှိပြီး လေ့လာမှုများအရ ကျင်လည်ကျက်စားသည့် နယ်မြေရှစ်ရာခိုင်နှုန်းအတွင်း အနည်းဆုံး ကျား ၂၂ ကောင် ရှင်သန်ကျက်စားလျက်ရှိ ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ အရေအတွက်သည် ကျားကျက်စားနယ်မြေ စုစုပေါင်း ရှစ်ရာခိုင်နှုန်းခန့်အတွင်း ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တပ်ဆင်ခဲ့သည့် ကင်မရာထောင်ချောက်များမှ ရရှိသည့် ကျားမှတ်တမ်းဓာတ်ပုံများကို တစ်ကောင်ချင်း စိစစ် ခွဲခြားရာမှ ရရှိသည့်အရေအတွက်ဖြစ်ကြောင်း ကြေမုံသတင်းစာတွင်ပါရှိသည်။  (Xinhua)