Connect with us

Social

ဒေသဖွံ့ဖြိုး တိုးတက်ရန် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့ရေးသည် အရေးကြီးကြောင်း နိုင်ငံတော် သမ္မတက ရန်ကုန်တောင်ပိုင်းခရိုင် မှော်ဝန်းတံတား ဖွင့်ပွဲတွင် ပြောကြား

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ရန်ကုန်တောင်ပိုင်းခရိုင် မှော်ဝန်းတံတား အား ဖွင့်လှစ်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ပြည်ထောင်စု မြန်မာနိုင်ငံတော် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဗဟိုကော်မတီ ဥက္ကဌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ဝဲကြီး ကျေးရွာအုပ်စု ၊ ညောင်ဝန်းလေး ကျေးရွာမှ ပန်းချောင်း ကျေးရွာသို့မှော်ဝန်းချောင်းကို ဖြတ်ပြီး ဆက်ထားသော မှော်ဝန်းတံတားကို သွားရောက် ဖွင့်လှစ်ပေးခဲ့သည်။

မှော်ဝန်း တံတားဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူ ချောမွေ့ရေးသည် အင်မတန် အရေးကြီးသည်။ လမ်းပန်း ဆက်သွယ်မှုအပေါ် မူတည်ပြီး စီးပွားရေး သာမက ပညာရေး ၊ ကျန်းမာရေးတို့အပါအဝင် ပြည်သူများ၏ လူမှု စီးပွားဘဝ တစ်ခုလုံးပါ လိုက်ပါပြီး တိုးတက်ခြင်း ဖြစ်သည့်အတွက် မှော်ဝန်း တံတားသည် ဤဒေသ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတတ်မှုကို များစွာ အထောက်အကူ ပြုစေမည်ဟု ပြောကြားခဲ့သည်။

ရန်ကုန်တောင်ပိုင်းခရိုင် မှော်ဝန်းတံတားမြင်ကွင်း (ဆင်ဟွာ)

တံတားသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စတင် ပန္နက်တင်ခဲ့ပြီး ၂၀၁၅ ခုနစ် ဧပြီလ ၃၀ ရက်တွင် ပြီးစီးခဲ့သည်။ တံတားသည် ပေအရှည် ၉၀၀ ရှိပြီး ယာဉ်သွားလမ်း ၂၄ ပေ ၊ လူသွားလမ်း တစ်ဖက် ၃ ပေ ၆ လက်မ ၊ တံတား ခံနိုင်ဝန် ယာဉ်တစ်စီးချင်း တန် ၆၀ ဖြစ်ပြီး ရေလမ်း ကင်းလွတ်အမြင့် ၁၅ ပေ ၊ အကျယ် ၈၀ ပေရှိပြီး ဘိုးပိုင် RC ကွန်ကရစ် တံတား အမျိုးအစား ဖြစ်သည်။ တန်ဖိုးအားဖြင့် ကျပ် ၄,၄၀၀ သန်း ဖြစ်သည်။

တံတား ဖြစ်မြောက်ရေး အတွက် နိုင်ငံတော် သမ္မတ၏ စီစဉ် လမ်းညွှန်မှု ၊ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ ခွင့်ပြုပေးမှုနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတား အထူးအဖွဲ့၁၆ မှ တာဝန်ယူ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် တောင်ပိုင်းရှိ သန်လျင် ၊ ကျောက်တန်း ၊ ခရမ်း ၊ သုံးခွ မြို့နယ် ၄ ခု ဆက်စပ်ထားသည့် နယ်မြေသည် ကြီးမားကျယ်ပြန့်ပြီး လူဦးရေ ၇ သန်း ကျော်ရှိပြီး ကျောက်တန်း မြို့နယ်၏ အရှေ့တောင်ဘက်ခြမ်းတွင် ကျေးရွာပေါင်း ၄၅ ရွာရှိ အိမ်ထောင်စုပေါင်း ၂ သောင်းကျော် ၊ လူဦးရေ ၈ သောင်းကျော် ရှိသည်။ ယင်းကျေးရွာများမှ လူများ ကျောက်တန်းမြို့သို့သွားလာရန် ယခင်က မိုင်ပေါင်း ၃၇ မိုင်ခန့်ကွေ့ပတ်မောင်း၍ သွားခဲ့ရသည်။ ယခု မှော်ဝန်း တံတားကြီး တည်ဆောက်ပေးလိုက်သည့်အတွက် ယာဉ်ဖြင့် သွားလာပါက ၁၅ မိုင်ခန့်မောင်းရုံမျှနှင့် ကျောက်တန်းသို့ရောက်ရှိမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.