Connect with us

Social

မြန်မာနိုင်ငံအနှံ့သို့ ပန်းပေါင်းစုံ ဘုရား ဆင်းတုတော် ၇၀၀၀ ထပ်မံ လှူဒါန်းမည်

ရွှေတိဂုံ စေတီတော် ရှေးဟောင်း တန်ဆောင်းတွင် ကျင်းပသော ပန်းပေါင်းစုံ ဘုရား ဆင်းတုတော် ၇၀၀၀ အား အနေကဇာ တင်ပွဲ အခမ်းအနား (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အနှံ့အပြားသို့ ပန်းပေါင်းစုံ ဘုရား ဆင်းတုတော် အဆူ ၇,၀၀၀ ထပ်မံ လှူဒါန်းမည် ဖြစ်ကြောင်း အလှူရှင် မြန်မာ- တရုတ် ချစ်ကြည်ရေး အသင်းမှ အတွင်းရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။

အဆိုပါ ပန်းပေါင်းစုံ ဘုရား ဆင်းတုတော် ၇,၀၀၀ ကို ယနေ့ ရွှေတိဂုံ စေတီတော်မြတ်တွင် ဘုရား အနေကဇာ တင်ပွဲ ကျင်းပပြီး ရခိုင် နယ်စပ်ဒေသ၊ ပခုက္ကူနှင့် အခြားမြို့များသို့ ပို့ဆောင် လှူဒါန်းမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဝေးလံ ခေါင်ဖျားသည့် နယ်စပ် ဒေသများတွင် ဘုရား ရုပ်ပုံများကိုသာ ကိုးကွယ်နေသဖြင့် အဆိုပါ ပန်းပေါင်းစုံ ဘုရား ဆင်းတုတော်များကို လှူဒါန်းပြီး သာသနာ ပြန့်ပွားရေးအတွက် လုပ်ဆောင်ခဲ့သည်မှာ ၁၅ နှစ်ရှိပြီ ဖြစ်ကြောင်း အလှူရှင် ဦးမျိုးအောင်က ပြောသည်။

အဆိုပါ ပန်းပေါင်းစုံ ဘုရား ဆင်းတုတော် အဆူ ၃၉၀,၀၀၀ ကို ချင်း၊ ကချင်၊ လားရှိုး၊ လောက်ကိုင်၊ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ စသည့်နေရာများသို့ ပို့ဆောင် လှူဒါန်း ထားခဲ့ပြီး ဖြစ်သည်။

အနယ်နယ် အရပ်ရပ်မှ ပန်းပေါင်းစုံ ဘုရား ဆင်းတုတော် အဆူ ၄ သိန်း လှူဒါန်းပေးရန် ထပ်မံ တောင်းဆိုမှု များလည်း ရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117