Connect with us

Social

မြန်မာနိုင်ငံတွင် မိခင်နှင့် ကလေး သေဆုံးမှု မြင့်မားနေဆဲဖြစ်ဟု ဒုတိယ သမ္မတ ဆို

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းနားသို့ တက်ရောက်စဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် အခြား အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မိခင်နှင့် ကလေး သေဆုံးနှုန်း မြင့်မားနေကြောင်း ယနေ့ ကျင်းပသော ၂၀၁၅ ခုနှစ် ကမ္ဘာ့ လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ ရရှိသည့် အချက်အလက်အရ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ကိုယ်ဝန်ဆောင်မိခင် ၉ သိန်းကျော်ရှိပြီး မွေးဖွားမှု ပြဿနာကြောင့် သေဆုံးရသည့် မိခင် ၂,၀၀၀ ကျော်ခန့် ရှိနေပြီး တစ်နှစ်အောက် ကလေး သေဆုံးမှု နှုန်းသည် အရှင်မွေး ကလေး တစ်ထောင်တွင် ၆၂ ယောက် ရှိနေကြောင်း ၎င်းက ဆိုသည်။

အဆိုပါ သေဆုံးမှု မြင့်မားနေသည့် အတွက် ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် မိခင်နှင့် ကလေး ကျန်းမာရေး စောင့်ရှောက်မှုကို နိုင်ငံအန့ှံ ကြိုးပမ်း လုပ်ဆောင်နေပြီး အရေးပေါ် အခြေအနေများတွင် မျိုးဆက်ပွား ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းများကို ပြည်နယ်နှင့် တိုင်းများတွင် လုပ်ဆောင်နေသည်။

ကမ္ဘာ့ လူဦးရေနေ့ အထိမ်းအမှတ် အခမ်းနား မြင်ကွင်း (ဆင်ဟွာ)

မိခင်သေဆုံးမှု အများဆုံး နိုင်ငံပေါင်း ၁၀ နိုင်ငံထဲ၌ ၈ နိုင်ငံသည် လုံခြုံမှုကင်းမဲ့ပြီး ပဋိပက္ခ ကြုံတွေ့နေရသည့် နိုင်ငံများဖြစ်ပြီး အရေးပေါ် အခြေအနေများတွင် မိခင်နှင့် ကလေးများကို ပိုမို စောင့်ရှောက် ပေးရန် လိုအပ်ကြောင်း ဒုတိယ သမ္မတက ဆိုသည်။၂၀၁၅ ခုနှစ် ကမ္ဘာ့ လူဦးရေနေ့ အတွက် အဓိကပေး လိုသည့် သတင်းအချက် အလက်သည် “ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အတွက် ဂုဏ်သိက္ခာ၊ လုံခြုံမှုနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များ အချိန်းတိုင်းရရှိရေး” နှင့် “အမျိုးသမီးတစ်ဦး၏ အသက် တစ်ချောင်းသည် မည်သည့်အချိန်၊ မည်သည့် အခြေအနေမဆို တန်ဖိုးရှိနေရမည်” ဆိုသည့် သတင်းအချက်အလက် ဖြစ်ကြောင်း ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

၂၀၁၅ ခုနှစ် ကမ္ဘာ့ လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ကာ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့မှ ဌာနေ ကိုယ်စားလှယ်၊ နိုင်ငံတကာ သံတမန်များ နှင့် အစိုးရ အဖွဲ့ဝင်များ တက်ရောက် ခဲ့သည်။

၂၀၀၈ ခုနှစ်ကစပြီး နိုင်ငံပေါင်း ၁၁၁ နိုင်ငံတွင် ငြိမ်းချမ်းမှု နည်းပါးလာခြင်းကြောင့် တစ်နိုင်ငံလုံး (သို့) နိုင်ငံ တစ်စိတ်တစ်ပိုင်းတွင် ပဋိပက္ခများ ဖြစ်နေပေါ်နေပြီး မငြိမ်းချမ်းသည့် နိုင်ငံ ၁၁ နိုင်ငံတွင် ကိုယ်ဝန် ဆောင်နိုင်သည့် အမျိုးသမီးနှင့် မိန်းကလေးငယ် သန်း ၁၄၀ ရှိနေပြီး ကိုယ်ဝန်ဆောင် မိခင် ၁၆. ၈ သန်းရှိနေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.