Connect with us

Social

ပိုးလမ်းမကြီးတစ်လျှောက် မီဒီယာကဏ္ဍပူးပေါင်းမှုသည် တည်ငြိမ်အေးချမ်းမှုနှင့် ယဉ်ကျေးမှုဖ လှယ်ရေးအတွက် အရေးကြီးဟု ပြည်ထောင်စုဝန်ကြီးဆို

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှင်းကျန့်ပြည်နယ် အုရုံမူချီမြို့၌ကျင်းပသော ပြန်ကြားရေးဝန်ကြီးများဆိုင်ရာဖိုရမ် ကျင်းပနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများအကြား မီဒီယာကဏ္ဍပူးပေါင်းမှုသည် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်တက်မှုသာမက တည်ငြိမ်အေးချမ်းမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးအတွက် အရေးကြီးကြောင်း မြန်မာနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က ပြောကြားသည်။

တတိယအကြိမ်မြောက် ပြန်ကြားရေးဝန်ကြီးများဆိုင်ရာဖိုရမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှင်းကျန့်ပြည်နယ် အုရုံမူချီမြို့၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် တက်ရောက်ဆွေးနွေးမှုတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မီဒီယာလွတ်လပ်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ဆွေးနွေးသွားသည်။
အဆိုပါ ဖိုရမ်၌ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုစီမံကိန်း(One Belt,One Road Initiative)ကို မီဒီယာနည်းလမ်းဖြင့် ပံ့ပိုးပေးနိုင်ရေးဆောင်ရွက်ရာတွင် ဒေသတွင်းရှိ ပြည်သူအချင်းချင်း အပြန်အလှန် ဆက်သွယ်မှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ မြှင့်တင်ရေး၊ သတင်းအချက်အလက်များ အပြန်အလှန်ဖ လှယ်ရေး၊ သတင်းအချက်အလက် ထုတ်ပြန်မှုနှင့် ဖြန့်ဝေမှုဆိုင်ရာ နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်မှုမြှင့်တင်ရေး၊ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ သဘောထားအမြင်များကို ဆွေးနွေးကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.