Connect with us

Social

ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းကို လက်ရှိ အခြေအနေနှင့် ကိုက်ညီစေရန် ပြန်လည် ပြင်ဆင် ရေးဆွဲမည်

ရန်ကုန်မြို့တော်ကို ညပိုင်း မြင်တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

၂ဝ၁၃ ခုနှစ်က ရေးဆွဲခဲ့သော ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းကို လက်ရှိ ရန်ကုန် မြို့၏ အခြေအနေနှင့် ကိုက်ညီစေရန် ပြန်လည် ပြင်ဆင် ရေးဆွဲမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြ စီမံကိန်း ဌာနခွဲထံမှ သိရသည်။

အဆိုပါ အသစ် ပြန်လည် ရေးဆွဲရာတွင် သန်လျင်၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းနှင့် မှော်ဘီ အစရှိသည့် နေရာ ခုနစ်နေရာ၌ မြို့သစ် စီမံကိန်းများ ဖော်ထုတ်ရန် အဓိကထား ရေးဆွဲ သွားမည်ဖြစ်ပြီး ဆိပ်ကမ်း နယ်မြေများကို အဆင့်မြှင့်တင ်ဖော်ထုတ်ကာ ပင်လယ်ထွက်ပေါက် ဒေသအဖြစ် ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ် တို့ကို အဓိက အခြေပြု၍ ရေးဆွဲ သွားမည်ဖြစ်သည်။

ယခင် ရေးဆွဲခဲ့သည့် စီမံကိန်း၏ ကျောရိုးများ ဖြစ်သော အစိမ်းရောင် နယ်မြေများ ဖော်ထုတ်ခြင်း၊ ရှေးဟောင်း အဆောက်အအုံ နေရာများ ထိန်းသိမ်းခြင်းနှင့် စီးပွားရေး အချက်အချာ ကျသော နယ်မြေသစ်များ ဖော်ထုတ်ခြင်း တို့ကို ယခင်က ရေးဆွဲခဲ့သည့် အတိုင်း ဆောင်ရွက် သွား မည် ဖြစ်သည်။

၂ဝ၁၃ ခုနှစ်က ရေးဆွဲခဲ့သည့် ရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာ ဗျူဟာ စီမံကိန်းသည် ဂျပန် အပြည် ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့်ပူးပေါင်း၍ သုံး လကြာ ရေးဆွဲထား သော စီမံကိန်း တစ်ခုဖြစ်ပြီး အဆိုပါ စီမံကိန်းသည် တိုးပွား လာမည့် လူဦးရေ အတွက် ရန် ကုန်မြို့၌ ၂ဝ၅ဝ ပြည့်နှစ်အထိ အသုံးပြုနိုင်ရန် ရည်ရွယ် ရေးဆွဲ ထားခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.