Connect with us

Social

ပဲခူးတိုင်းဒေသကြီး အတွင်း မုက္ခာ ရေတံခွန် ဆင်စခန်း ဖွင့်လှစ်

မုက္ခာ ရေတံခွန် ဆင်စခန်းအား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Hotels and Tourism)

ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ၊ မင်းလှမြို့နယ် ၊ စိန်ကန့်လန့်ကျေးရွာအနီး၌ မုက္ခာ ရေတံခွန် ဆင်စခန်းအား ဖွင့်လှစ် လိုက်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

မုက္ခာရေတံခွန်ဆင်စခန်းတွင် မြန်မာ့သစ်လုပ်ငန်းမှ ဆင် ၁၂ ကောင်ဖြင့် သရုပ်ပြမှု များ ကြည့်ရူ လေ့လာ နိုင်ခြင်း ၊ ဆင်စီး၍ သဘာ၀ တောတောင် ရှုခင်း အလှများ ကြည့်ရူ လေ့လာ နိုင်ခြင်း ၊ ဆင်စာကျွေးခြင်း ၊ ဆင်ရေချိုးခြင်း ၊ မုက္ခာရေတံခွန်၌ အပန်းဖြေခြင်းများ ဆောင်ရွက် နိုင်ကြောင်း သိရသည်။

ထိုဆင်စခန်းသည် မင်းလှ-စိန်ကန့်လန့်-မြို့ချောင်း ကားလမ်းမိုင်တိုင်အမှတ် (၈/၆) မုက္ခာ ဆည်/ရေတံခွန် အနီးတွင် တည်ရှိပြီး ဝင်ကြေးအဖြစ် တစ်ဦးလျှင် ပြည်တွင်း ၅၀၀ ကျပ် ၊ ပြည်ပ ၂၀၀၀ ကျပ် နှင့် ဆင်စီးခ တစ်ဦးလျှင် ပြည်တွင်း ၂၀၀၀ ကျပ် ၊ ပြည်ပ ၂၀၀၀၀ ကျပ် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.