Connect with us

Social

မနူဟာနန်းဘုရားဂူ၏ အပျက်အစီးများကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ဂျာမနီနိုင်ငံက ပြုပြင်ပေးမည်

မနူဟာနန်းဘုရားဂူအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ကျောက်သားများဖြင့် တည်ဆောက်ထားသော မနူဟာနန်း ဘုရားဂူမှာ သက်တမ်းကြာမြင့်လာပြီဖြစ်၍ ဂူ၏မြောက်ဘက်နှင့်အနောက်ဘက်တို့တွင် ပျက်စီးလာခြင်းကြောင့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ လမှစတင်၍ အဆိုပါအပျက်အစီးများအား ဂျာမနီနိုင်ငံက ပြုပြင်ပေး မည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံသည် ကျောက်သားနှင့်ပတ်သက်၍ ပြုပြင်ထိန်းသိမ်းရာတွင် အကျွမ်းကျင်ဆုံးနိုင်ငံဖြစ်သဖြင့် အကူအညီပေးရန် ညှိနှိုင်းခဲ့ရာမှ ဂျာမနီအစိုးရက သဘောတူလက်ခံခဲ့ကာ ပြုပြင်ထိန်းသိမ်း ပေးမည်ဖြစ်ကြောင်း၊အဆိုပါဂူ၌ ပျက်စီးနေသော ကျောက်သားများကို ပြုပြင်ရာတွင် အသေးစိတ်လုပ်ကိုင်ရမည်ဖြစ်၍ ရက်ရှည်ကြာမည်ဖြစ်ကြောင်း သိရသည်။ မနူဟာနန်းဘုရားဂူမှာ မြင်းကပါရွာ စိန်ပန်းကုန်းရပ်ကွက်၌တည်ရှိပြီး တုရင်တောင်မြောက်ဘက် မှ ထွက်သော ကျောက်များဖြင့် ပုဂံခေတ်ကတည်းက တည်ဆောက်ထားခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.