Connect with us

Social

မသန်စွမ်းသူများ အကျုံးဝင် ပါဝင်ခြင်းဖြင့် မညီမျှမှု လျှော့ချရေး ဖိုရမ် ကျင်းပ

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဗန်ထီးယူ အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

မသန်စွမ်းသူများ ကိုယ်တိုင် လက်လှမ်းမီ ပါဝင်ဆောင်ရွက်ခွင့် ရရှိစေခြင်းဖြင့် မညီမျှမှုများ လျှော့ချရေး ဆိုင်ရာဖိုရမ်ကို နေပြည်တော်၊ Kempinski Hotel တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယ သမ္မတ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဦးဗန်ထီးယူ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။

“မသန်စွမ်းသူတွေရဲ့ အကျုံးဝင် ပါဝင်မှုဆိုတာ သီးသန့် အစီအစဉ်နဲ့ထောက်ပံ့ပေးတာ မဟုတ်ဘဲ မသန်စွမ်းသူတွေကိုယ်တိုင် လက်လှမ်းမီ ပါဝင် ဆောင်ရွက်ခွင့် ရရှိခြင်းပဲ ဖြစ်ပါတယ်၊ မသန်စွမ်း သူများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကို အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ခြင်းဟာ ၂၀၃၀ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်ရဲ့ ‘မည်သူမျှ နောက်ကျ မကျန်စေရေး’ ဆိုတဲ့ အခြေခံမူကို ပြည့်မီနိုင်မယ့် မှန်ကန်တဲ့ လုပ်ငန်း တစ်ရပ် ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဒုတိယ သမ္မတက ပြောကြားခဲ့ သည်။

ဗြိတိန်နိုင်ငံ သံအမတ်ကြီး Mr. Dan Chugg အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မသန်စွမ်းသူများ အကျုံးဝင် ဖွံ့ဖြိုး တိုးတက်ရေးဖိုရမ် ကျင်းပနေစဉ် (ဆင်ဟွာ)

နိုင်ငံတော် ဒုတိယ သမ္မတ ပြခန်းများသို့ လှည့်လည် ကြည့်ရှုစဉ် (ဆင်ဟွာ)

“ထိရောက်မှု ရှိသော မသန်စွမ်းသူများ အကျုံးဝင် ပါဝ်ခြင်းဖြင့် မညီမျှမှုများ လျှော့ချရေး” ဆောင် ပုဒ်ဖြင့် ကျင်းပသည့် ယနေ့ ဖိုရမ်ကို မသန်မစွမ်းမှု ဆိုင်ရာ ကမ္ဘာ့ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံက အဆိုပြုခဲ့သော ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ ကတိကဝတ် ခုနစ်ချက်တို့ကို မိတ်ဆက် အသိ ပေးရန်နှင့် မသန်စွမ်းသူများ အကျုံးဝင် ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် အစိုးရ ဌာနများ၊ အဖွဲ့ အစည်းများ၊ ပုဂ္ဂလိကနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများအကြား ညှိနှိုင်း ပူးပေါင်း ဆောင်ရွက် သည့်အခါ လိုအပ်ချက်များ ရှာဖွေ ဖော်ထုတ်ရန် စသည့် ရည်မှန်းချက်များဖြင့် ကျင်းပရခြင်းဖြစ် ကြောင်း၊ မသန်စွမ်းသူများအား အထူးအစီအစဉ်များဖြင့် ပံ့ပိုး ကူညီပေးခြင်းထက် ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အသက်မွေး ဝမ်းကျောင်းမှု အခွင့်အလမ်းများတွင် အများနည်းတူ ညီတူညီမျှ ခံစားခွင့် ရရှိနိုင်ရန် မူဝါဒများ ချမှတ်ပြီး လက်တွေ့ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းလည်း ဒုတိယ သမ္မတက ပြောခဲ့သည်။

အဆိုပါ ဖိုရမ်သို့ ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန မှ တာဝန်ရှိသူများ၊ မသန်မစွမ်း အဖွဲ့အစည်းမျာနှင့်၊ NGOs များမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.