Connect with us

Social

မိုဘိုင်းနည်းပညာသုံး၍ ကလေး ဖွားသေစာရင်း ကောက်ယူမှု ပထမဆုံး စတင်မည်

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ကလေး မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်း စနစ်အား မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် အွန်လိုင်းမှ မိုဘိုင်းနည်းပညာ အသုံးပြု၍ ကောက်ယူခြင်းကို မွန်ပြည်နယ်တွင် စတင် ဆောင်ရွက်မည် ဟု အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ယနေ့ပြောကြားခဲ့သည်။

“အစိုးရအနေနဲ့ ၁၂ ချက်ပါ စီးပွားရေးမူဝါဒမှာ e-Government ဆိုတဲ့အချက်ကိုလည်း ထည့်သွင်း ဖော်ပြထားပါတယ်။ Digital စီးပွားရေးဆိုင်ရာ ပထမအကြိမ် အစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံ ပြောကြားခဲ့တဲ့အတိုင်း ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ကျွမ်းကျင်မှုတွေနဲ့ နည်းပညာ ဆိုတဲ့ နယ်ပယ် ၃ ခုမှာ အားသွန်ခွန်စိုက် ဆောင်ရွက်ဖို့ လိုပါတယ်။ မိုဘိုင်း မွေး/သေစာရင်း မှတ်ပုံ တင်ခြင်း လုပ်ငန်းကို မွန်ပြည်နယ်မှာ အကောင်အထည်ဖော်နိုင်ဖို့ အတွက် ယူနီဆက်နဲ့ တယ်လီနော တို့က ရန်ပုံငွေနဲ့ နည်းပညာဆိုင်ရာ အထောက်အပံ့တွေ ပေးအပ်ခဲ့တာ ဖြစ်လို့ ပူးပေါင်းဆောင်ရွက်မှု ဟာ အထူးအရေးပါတယ်ဆိုတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်’ ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဓ UNICEF (မြန်မာ) နှင့် တယ်လီနော တို့ နေပြည်တော် Grand Amara Hotel တွင် ပူပေါင်းစီစဉ်သည့် LaunchingCeremony on Mobile Birth and Death Registration အခမ်းအနားတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အစိုးရ၏ ထောက်ခံအားပေးမှုဖြင့် ယူနီဆက်မြန်မာနှင့် တယ်လီနော် လုပ်ငန်းစုတို့ ပူးပေါင်းကာ မိုဘိုင်းအသုံးပြု မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်း စီမံချက်အား မွန်ပြည်နယ် တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး မြို့နယ်ကျန်းမာရေး အရာရှိများ အနေဖြင့် မိုဘိုင်းစနစ်ကို အသုံးပြုကာ မွေးဖွားခြင်းဆိုင်ရာ မှတ်ပုံတင်ခြင်းနှင့် မွေးစာရင်း ထုတ်ပေးခြင်းများအား ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်တွင် ပြုလုပ်မည့် စီမံချက်မှ ရရှိသည့် အချက် အလက် များသည် နိုင်ငံတဝှမ်း e-Platform ဖြင့် ဖွားသေစာရင်းများ မှတ်ပုံတင်ခြင်း ဆောင်ရွက် နိုင်ရန် မူဝါဒများရေးဆွဲရာတွင် အထောက်အကူ ပေးနိုင်မည် ဖြစ်ကြောင်း အခမ်းအနားသို့ တက်ရောက်လာသော စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ရှင်းပြသည်။

၂၀၀၁- ၂၀၀၅ ခုနှစ်တွင် ဖွားသေစာရင်းများ မှတ်ပုံတင်ခြင်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၄၊ ၂၀၁၅ နှင့် ၂၀၁၈ ခုနှစ်တွင် မွန်၊ ချင်း၊ ကရင်၊ ကယား၊ ရှမ်း(တောင်)၊ မကွေး၊ ဧရာဝတီ၊ နေပြည်တော်ကောင်စီနှင့် တနင်္သာရီ စသည့် တိုင်းဒေသကြီ/ပြည်နယ် ၉ ခုတွင် ကလေးပေါင်း ၄၅၀,၀၀၀ အား Campaigns များ ပြုလုပ်ကာ မှတ်ပုံတင်ပေးခဲ့ ကြောင်း လည်း ဦးဆက်အောင်က ပြောသည်။ ဒုတိယဝန် ကြီး ဦးဆက်အောင်က ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.