Connect with us

Social

ရန်ကုန်-သန်လျင် အမှတ်(၃)တံတား ထပ်မံ တည်ဆောက်မည်

ရန်ကုန်-သန်လျင် အမှတ်(၃)တံတား နမူနာပုံစံအားတွေ့ရစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ စက်တင်ဘာ ၁၅ (ဆင်ဟွာ)

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်သန်လျင် အမှတ်(၃) တံတားကို ထပ်မံတည် ဆောက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်-သန်လျင် အမှတ်(၃) တံတားအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ နိုင်ငံခြားချေးငွေဖြင့် ငွေကျပ် ၃၂၃ ဒသမ ၂ဝ၅ သန်း အကုန်အကျခံကာ တည်ဆောက်မည်ဖြစ်ပြီး ယခုအမှတ် (၁) တံတားအနီး ပဲခူးမြစ်အောက်ဘက် ၁၂၅ မီတာခန့်အကွာတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားအရှည်သည် ၁၉၂၈ မီတာ (၆၄၂၆ ပေ) ကျော်ရှည်လျားမည်ဖြစ်ပြီး အကျယ် ၂၄ မီတာ (ပေ၈ဝ) ရှိမည်ဖြစ်ကာ လေးလမ်းသွားတံတား အမျိုး အစားဖြစ်ကြောင်း သိရသည်။

ရန်ကုန်-သန်လျင် အမှတ် (၁) တံတားသည် မော်တော်ယာဉ် အသုံးပြုမှု များပြားလာသဖြင့် နေ့စဉ် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားလာပြီး တံတား၏ ကြံ့ခိုင်မှု အခြေအနေများကိုပါ ထိခိုက်စေ၍ တံတားအသစ်တစ်စင်း ထပ်မံ တည်ဆောက်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.