Connect with us

Social

လေးလကြာ ရပ်ဆိုင်းထားသည့် ကဗျာဝ ကမ်းခြေဟိုတယ် နှင့် ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်း စီမံကိန်းကို အောက်တိုဘာ လတွင် ပြန်လည်စတင်မည်

ကဗျာဝကမ်းခြေအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

လေးလကြာ ရပ်ဆိုင်းထားသည့် မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ ကဗျာဝ ကျေးရွာ အနီးရှိ ကဗျာဝ ကမ်းခြေဟိုတယ် နှင့် ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်း စီမံကိန်းကို အောက်တိုဘာ လတွင် ပြန်လည်စတင် သွားမည် ဖြစ်ကြောင်း စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နေသည့် Aurun Company Limited မှ သိရသည်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၅ ခုနှစ် မတ်လတွင် စတင် ဆောင်ရွက်ခဲ့ပြီး စီမံကိန်း လုပ်ဆောင်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့က ချပေးသော မြေဧရိယာမှာ ကျဉ်းနေခြင်း၊ ပြည်ပနိုင်ငံ များမှ ရင်းနှီးမြှုပ်နံှမည့် သူများနှင့် ဆွေးနွေးနေခြင်း၊ ဒေသတွင်း အဖွဲ့အစည်း များနှင့် ဆွေးနွေးနေခြင်း တို့ကြောင့် ခေတ္တရပ်ဆိုင်း ထားခြင်းဖြစ်ကာ လာမည့်ပွင့်လင်း ရာသီတွင် စီမံကိန်း လုပ်ငန်းများ ပြန်လည် စတင်မည် ဖြစ်ကြောင်း သိရသည်။

ယင်း စီမံကိန်းအရ ကဗျာဝ ကမ်းခြေကို နိုင်ငံတကာအဆင့်မီ ကမ်းခြေအဖြစ် မြှင့်တင်ပြီး ကမ်းခြေ၌ စားသောက်ဆိုင်များ၊ ဟိုတယ်ဇုန်များ၊ အပန်းဖြေ စခန်းများ၊ သယံဇာတနှင့် ဘူမိဗေဒ ပြတိုက်၊ Speed Boat များဖြင့် အပန်းဖြေ နိုင်ရန်နှင့် ခရီးသွား ဧည့်သည်များ လေ့လာနိုင်ရန် မွန်စာပေနှင့် ယဉ်ကျေးမှုပြတိုက် တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း များအတွက် ကျေးလက် ကျန်းမာရေး အဆောက်အအုံကို စတင်ဆောက်လုပ် နေပြီး လုပ်ငန်း အခြေအနေမှာ သုံးပုံတစ်ပုံခန့် ပြီးစီးနေပြီ ဖြစ်သည်။

ကဗျာဝကမ်းခြေ ဟိုတယ်နှင့် ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်း စီမံကိန်း ဖော်ဆောင်ရန် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ က မွန်ပြည်နယ် လွှတ်တော်၌ အဆိုပြုတင်သွင်း ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၅ ခုနှစ် မတ်လတွင် စီမံကိန်းကို စတင် အကောင် အထည်ဖော် ခဲ့ခြင်း ဖြစ်ကြောင်း မြဝတီသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.