Connect with us

Social

သက်ကြီးရွယ်အို နေ့ပိုင်း စောင့်ရှောက်မှု လုပ်ငန်းကို တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိ

မြန်မာနိုင်ငံ သက်ကြီးရွယ်အို မူဝါဒရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမှုအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

အနာဂတ်မှာ တိုးပွားလာမည့် သက်ကြီးရွယ်အိုများ အတွက် လူမှုရေးနှင့် ကျန်းမာရေး ကဏ္ဍများကို တိုးမြှင့် စောင့်ရှောက် နိုင်ရေး လိုအပ်မည် ဖြစ်ပြီး သက်ကြီးရွယ်အို နေ့ပိုင်း စောင့်ရှောက်မှု လုပ်ငန်းကို တိုးချဲ့ ဆောင်ရွက် သွားရန် စီစဉ်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများနည်းတူ သက်ကြီးရွယ်အို တိုးတက်မှုနှုန်းသည် အလျင်အမြန် ပြောင်းလဲလျက်ရှိရာ နိုင်ငံ၏ စုစုပေါင်း လူဦးရေ သန်း ၅၀ ကျော်တွင် ၄.၅ သန်းသည် အသက် (၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ ဖြစ်ကြောင်း ၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်း ခေါင်စာရင်း ထုတ်ပြန်ချက်အရ သိရသည်။
သက်ကြီး ရွယ်အိုများကို လူမှုရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် စနစ်တကျ စောင့်ရှောက်မှုပေးနိုင် ရန်နှင့် လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး အထောက်အကူပြုနိုင်ရန် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်သူ(Care Giver)သင်တန်းများ ဖွင့်လှစ်ပေးလျက် ရှိကြောင်း သိရသည်။
ထို့အတူ သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေ(မူကြမ်း)ကို အတည်ပြု ပြဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ရက်(၁၀၀) စီမံ ချက်တွင် အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ စာရင်းကောက်ယူခဲ့ပြီး နိုင်ငံတော် ဘတ်ဂျက်ရန်ပုံငွေဖြင့် ထောက်ပံ့မှုများ ပေးခဲ့ပြီး ယခုထက်ပိုမို ထောက်ပံ့ ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
နှစ်စဉ် တိုးတက် မြင့်မားလာသော သက်ကြီးရွယ်အိုများ အတွက် ရိပ်သာအခြေပြု စောင့်ရှောက်မှု လုပ်ငန်းနှင့် လုံလောက်မှု မရှိသည့် အတွက် ၂၀၀၄ခုနှစ်မှ စတင်၍ စေတနာ့ ဝန်ထမ်းအခြေပြု အိမ်တိုင်ရာ ရောက် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းကို နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.