Connect with us

Social

လျှပ်စစ်ရထား ကမ်းနားလမ်း၌ စတင်ပြေးဆွဲ

ရန်ကုန်မြို့ ကမ်းနားလမ်း တစ်လျှောက်စတင် ပြေးဆွဲနေသော လျှပ်စစ်ရထား တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လျှပ်စစ်ရထား (Tram)ကို ရန်ကုန်မြို့ ကမ်းနားလမ်း ရှိ ဝါးတန်း- ပန်းဆိုးတန်း- လင်းစဒေါင်း လမ်းပိုင်း တွင် ဝါးတန်းလမ်းပိုင်းတွင် ပြေးဆွဲခြင်းအား ဇန်နဝါရီ ၁၀ ရက်၌ ဝါးတန်း ဘူတာတွင် စတင်ပြေးဆွဲသည့် အခမ်းအနား နှင့် အတူ ခရီးစဉ် စတင်ပြီဖြစ်ကြောင်း မြန်မာ့မီးရထား (အောက် မြန်မာပြည်)ရုံး မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

”လျှပ်စစ်ရထား ပြေးဆွဲတာက မြန်မာ ပြည်မှာ ဆိုရင်လွန်ခဲ့တဲ့ ၁၉ဝ၄ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က စတင်ပြီး ရန်ကုန်မြို့မှာTram-Trolley Car 77 စီးနဲ့ ဆူးလေ- ရွှေတိဂုံ- ဗားဂရာလမ်းပိုင်းကို ပြေးဆွဲခဲ့ပြီး ၁၉၂၁ ခုနှစ်မှာ ဒုတိယ ကမ္ဘာစစ် ရန်ကြောင့် ရပ်ဆိုင်းခဲ့ ရကြောင်း၊ အဲ့သည့်နောက်ပိုင်း ယနေ့ အထိ နှစ်ပေါင်း ၁ဝဝကျော်ပြီး ယခုမှ မြန်မာ့ မီးရထားမှ ပထမဆုံးအကြိမ်ပြန်လည်ပြေးဆွဲတာဖြစ်ကြောင်း မြန်မာ့ မီးရထား အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်း (အောက်မြန်မာပြည်) ရုံး ရန်ကုန်မှ ပြောသည်။

ရထားလမ်းတစ်လျှောက် ဓာတ်တိုင် ၁၃၉ တိုင်စိုက်ထူထားပြီး 600V DC ကောင်းကင် ဓာတ်အားလိုင်းများ တည်ဆောက်ထားသည်။ ထိုလျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ရေး အား 550 KVA ဓာတ်အားခွဲရုံ(၁) တည်ဆောက်ကာ ဖြန့်ဖြူးပေးသည်။ လျှပ်စစ်ရထား စီမံကိန်းအား ဂျပန်ယန်း ၄၅၄.၅၅သန်းဖြင့် မြန်မာ- ဂျပန်စာချုပ် ချုပ်ဆိုပြီး အကောင်အထည် ဖော်ခြင်း ဖြစ်သည်။

ယခုဖွင့်လှစ်သော ဝါးတန်း- ပန်းဆိုးတန်း- လင်းစဒေါင်း လမ်းပိုင်းသည် ၃ .၅၉မိုင် ရှည်ပြီး၊ ဝါးတန်း- မော်တင်- စဉ့်အိုးတန်း- ရွှေတိဂုံ- ပန်းဆိုး တန်း- ဗိုလ်တထောင်- လင်းစဒေါင်း စသည့်ဘူတာ ခုနစ်ခုသို့ ဆိုက်ရောက်မည်ဖြစ်သည်။ လူတစ်ဦးလျှင် ငွေကျပ် ၁ဝဝဖြစ်ပြီး နေ့စဉ်နံနက် ၈ နာရီတွင် ဝါးတန်း ဘူတာမှ ထွက်ကာ လင်းစဒေါင်း ဘူတာသို့ နံနက် ၈နာရီခွဲတွင် ရောက်မည်ဖြစ်ပြီး နာရီဝက်သာ ကြာမြင့်မည်ဖြစ်သည်။

တစ်ရက်လျှင် အသွား အပြန် ခြောက်ခေါက် ပြေးဆွဲပေး သွားမည် ဖြစ်သည်။ ပြေးဆွဲမည့် TCE- 300သည် ထိုင်စီး ၇၆ဦး၊ ရပ်စီး ၁ဝ၄ဦး စုစုပေါင်း ၁၈ဝ ဦးစီးနင်း လိုက်ပါ နိုင် သည်။ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် ဝါးတန်း- ကြည့်မြင်တိုင်၊ လင်းစဒေါင်းမှ ပုဇွန်တောင်အထိ ရန်ကုန်မြို့ပတ် ရထားလမ်းနှင့် ဆက်သွယ် ချိတ်ဆက် သွားလာ နိုင်စေရန် လျာ ထားကြောင်း မြန်မာ့မီးရထား (အောက် မြန်မာပြည်) ရုံး ရန်ကုန်မှ သိရသည်။ (Xinhua)