Connect with us

Science & Technology

ရန်ကုန်ကမ်းနား လမ်းတစ်လျှောက် အထူး လျှပ်စစ် ရထား နိုဝင်ဘာလ တတိယပတ်တွင် ပြေးဆွဲပေးမည်ဟုဆို

နိုဝင်ဘာလ တတိယပတ်တွင် စတင်ပြေးဆွဲမည့် အထူး လျှပ်စစ်ရထား တစ်စင်းအား စမ်းသပ် ပြေးဆွဲနေသည်ကို မြင်တွေ့ရစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ရန်ကုန်ကမ်းနား လမ်းတစ် လျှောက် ဝါးတန်း-စဉ့်အိုးတန်း-ပန်းဆိုးတန်း တို့တွင် တွဲသုံးတွဲပါဝင်သည့် အထူး လျှပ်စစ်ရထား တွဲဆိုင်းကို လာမည့် နိုဝင်ဘာလ တတိယပတ်တွင် ပြေးဆွဲနိုင်ရန စီစဉ်လျက်ရှိသည်ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်) မှ သိရသည်။

ကမ်းနားလမ်း တစ်လျှောက် ပြေးဆွဲပေးမည့် အထူးလျှပ်စစ် ရထားသည် စတင်ပြေးဆွဲရာတွင် ဝါးတန်းရပ်စခန်း၊ စဉ့်အိုးတန်းရပ် စခန်း နှင့် ပန်းဆိုး တန်းရပ်စခန်း ဘူတာစဉ် သုံးခုသာ ထားရှိပြေးဆွဲ မည်ဖြစ်ပြီး ဝါးတန်းမှ ပန်းဆိုး တန်းအထိ ကြာမြင့်ချိန် ၁၅ မိနစ်သာ ရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက “နိုဝင်ဘာလလယ် ၁၅ ရက် နဲ့ ၂၁ ရက်ကြားမှာ စပြီးပြေးဆွဲနိုင်မယ်မှန်းတယ်။’’ ဟုပြောသည်။

စတင်ပြေးဆွဲပေးမည့် လျှပ်စစ် ရထားသည် Rail Bus Engine (RBE) ပုံစံမျိုးဖြစ်ပြီး အဲကွန်းစနစ်နှင့် ဆိုဖာထိုင်ခုံများ တပ်ဆင်ပေးထား ကြောင်း၊ ယခုကဲ့သို့ ကားလမ်းမပေါ်တွင် လျှပ်စစ်ရထား ပြေးဆွဲပေးခြင်းသည် ကား နှင့် ရထားယှဉ်တွဲပြေးဆွဲနိုင်မှုကို အစပြုလုပ်ခြင်းဖြစ်ပြီး ယာဉ်ကြော ပိတ်ဆို့မှုများ ကို တတ်နိုင်သလောက် လျှော့ချပေးနိုင်အောင် ရည်ရွယ် ကြောင်း မြန်မာ့ မီးရထား (အောက် မြန်မာပြည်)မှ သိရသည်။

ပြေးဆွဲပေးမည့် အထူးလျှပ်စစ်ရထားက လူ ၁ဝဝ ကျော်ခန့် လိုက်ပါနိုင်မည်ဖြစ်ပြီး၊ ဆိုဖာခုံ နဲ့ အဲကွန်း ပါသည့် အဆိုပါ လျှပ်စစ်အထူး ရထား အတွက် လက်မှတ်ခကို ငွေကျပ် ၁ဝဝ နှုန်းပဲ သတ်မှတ်မည်ဖြစ်ကြောင်း ဆိုသည်။

၂ဝ၁၅ စက်တင်ဘာ ၁၅ ရက်နေ့ မှ စတင်၍ RBE ရထားပြေးဆွဲ ခြင်း အစီအစဉ်ကို ရပ်ဆိုင်း၍ အထူး လျှပ်စစ် ရထား ပြေးဆွဲရန် ယခုကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117