Social
သက်တမ်းကုန် ကျောက်စိမ်းလုပ်ကွက်များအား သက်တမ်း ဆက်တိုးပေးတော့မည် မဟုတ်
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
ပြည်တွင်းရှိ ကျောက်စိမ်း လုပ်ကွက်များ၌ သက်တမ်းကုန် လုပ်ကွက်များ သက်တမ်း ဆက်တိုးပေးတော့မည် မဟုတ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျောက်စိမ်း လုပ်ကွက်များအား ထပ်မံ လုပ်ခွင့် ပေးတော့မည် မဟုတ်ကြောင်း၊ လုပ်လက်စ များအား ဆက်လုပ်ခွင့် ပြုထားကြောင်း၊ သက်တမ်းကုန်သည့် လုပ်ကွက်များအား ထပ်မံ လုပ်ခိုင်းတော့မည် မဟုတ်ကြောင်း၊ ၎င်းတာဝန်ရှိသူက ပြောသည်။
ထို့ပြင် လက်ရှိ ကျောက်စိမ်း အရိုင်းတုံးများ ရောင်းချမှုကို လျှော့ချကာ တန်ဖိုးမြှင့် ထုတ်ကုန်များ အဖြစ် ထုတ်လုပ်၍ ကုန်ချော အဖြစ် အချောထည် ရောင်းချမှုများကို ဦးစားပေး သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ ကျောက်စိမ်း ကျောက်မျက် ရောင်းဝယ်ရေး လုပ်ငန်းများ အပေါ် အမေရိကန် နိုင်ငံမှ ပိတ်ဆို့မှုများ ရှိနေသည့် အတွက် ကျောက်စိမ်းကို ယူရိုငွေကြေးဖြင့်သာ ရောင်းချသွားမည် ဖြစ်ပြီး ပိတ်ဆို့မှုများ မရှိသည့် အခါမှသာ အမေရိကန် ဒေါ်လာဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)