Connect with us

Social

မြန်မာ-နယ်သာလန် နှစ်နိုင်ငံ လေကြောင်း သဘောတူ စာချုပ် လက်မှတ် ရေးထိုး

နယ်သာလန်မှ Royal Dutch KLM လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနှင့် နယ်သာလန်နိုင်ငံမှ လေကြောင်းလိုင်း များ ပျံသန်းနိုင်ရေး နှစ်နိုင်ငံကြား လေကြောင်း သဘောတူ စာချုပ် တစ်ရပ်အား ဇွန်လ ၂၇ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယခုသဘောတူစာချုပ်အရ နယ်သာလန်နိုင်ငံမှ Royal Dutch KLM လေကြောင်းနှင့် မြန်မာအမျိုးသား လေကြောင်းလိုင်း၊ အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း၊ ရွှေမြန်မာ လေကြောင်းတို့မှ လေယာဉ်များသည် နှစ်နိုင်ငံအကြား တစ်ပတ်လျှင် ခုနစ်ကြိမ် ပျံသန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
လေကြောင်း သဘောတူစာချုပ်များကို ၁၉၅၁ ခုနှစ်တွင် တစ်ကြိမ် ၊ ၁၉၇၇ ခုနှစ်တွင် တစ်ကြိမ် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး ယခုစာချုပ်သည် တတိယ အကြိမ်မြောက် လေကြောင်း သဘောတူ စာချုပ်များ လက်မှတ် ရေးထိုးခဲ့ ကြခြင်း ဖြစ်ပြီး စာချုပ်တွင် လေကြောင်း ခရီးစဉ်များ ပျံသန်းမှုအတွက် လိုက်နာရမည့် စည်းကမ်းများ၊ ခံစားရမည့် အခွင့်အလမ်းများအား ထည့်သွင်းထားကြောင်း သိရသည်။
ယခုအချိန်တွင် မြန်မာနိုင်ငံသို့ပျံသန်းနေသော နိုင်ငံတကာ လေကြောင်းလိုင်း၂၇ လိုင်း ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.