Connect with us

Social

ဟိုတယ်များ စည်းကမ်းသတ်မှတ်ချက်နှင့် မကိုက်ညီပါက စစ်ဆေးအရေးယူမှု ပြုလုပ်သွားမည်

ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခုမှ အတွင်းပိုင်း ပြင်ဆင်မှုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ပြည်တွင်းရှိ ဟိုတယ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ သတ်မှတ် ထားသော စည်းကမ်းချက်၊ မူဝါဒများနှင့် ကိုက်ညီမှု မရှိပါက လုပ်ငန်း လိုင်စင်ချထား ပေးမည် မဟုတ်ဘဲ စစ်ဆေး အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြည်တွင်း၌ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက် အပြင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဆောက်လုပ်ရမည် ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့်လည်း လုပ်ငန်း လုပ်ကိုင်မည့် နေရာဒေသကို ကြည့်ကာ အထပ်မြင့်၊ မြေနေရာနှင့် အခန်း အရေအတွက်ကို သတ်မှတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခွင့်ပြုထားသော ဟိုတယ် ၁,၃၅၁ လုံးရှိပြီး အခန်း အရေအတွက် ၅၂,၆၈၁ ခန်း ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.