Connect with us

Social

အင်းဝပြတိုက်ကို ကျပ်သိန်း ၈၀၀သုံးစွဲပြီး ထိန်းသိမ်းမည်

မန္တလေးမြို့ရှိ အင်းဝပြတိုက်အားတွေ့ရစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

အင်းဝပြတိုက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအပါအဝင် လမ်း (၈ဝ) ယဉ်ကျေးမှုပြတိုက်နှင့် ပယ်ပုံတော်ဝင်းရှိ စာကြည့်တိုက်နှင့်ဝန်ထမ်း အိမ်ရာလျှပ်စစ်ဓာတ်အား တိုးမြှင့် တပ်ဆင်ခြင်းလုပ်ငန်းများကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ခွင့်ပြုဘဏ္ဍာငွေကျပ်သိန်း ၈ဝဝ ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)ထံမှ သိရသည်။

အဆိုပါလုပ်ငန်းများအတွက် အင်းဝပြ တိုက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ရန်ငွေကျပ်သိန်း ၃ဝဝ၊ လမ်း(၈ဝ)ယဉ်ကျေးမှုပြတိုက် ဗို့အား မြှင့်တင်ခြင်းလုပ်ငန်းအတွက် ငွေကျပ် သိန်း ၁၅ဝ နှင့် ပယ်ပုံတော် ဝင်းစာကြည့်တိုက်နှင့်ဝန်ထမ်းအိမ်ရာ များ ဗို့အားတိုးမြှင့်ခြင်းလုပ်ငန်း အတွက် ငွေကျပ်သိန်း ၃၅ဝ သုံးစွဲ သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အင်းဝပြတိုက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း အတွက်ခွင့်ပြုငွေကျပ်သိန်း၇၇ဝဖြင့်ဆောင်ရွက်ခဲ့ပြီး၎င်းနှစ်တွင် လမ်း(၈ဝ)နှင့် (၂၄)လမ်းထောင့်ရှိ ယဉ်ကျေးမှုပြတိုက်အား ခွင့်ပြုဘဏ္ဍာ ငွေကျပ် သိန်း ၁၂ဝဝ ဖြင့် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.