Connect with us

Social

ရန်ကုန်မြို့ရှိ ရေထွက်ပေါက် ၂၆ ခုအမှိုက်များ ပိတ်ဆို့နေခြင်းကြောင့် မိုးသည်းထန်စွာရွာလျှင် ရေကြီးရေလျှံဖြစ်ဟုဆို

ရေမြောင်းများအတွင်း ပိတ်ဆို့နေသာ အမှိုက်များအားတွေ့ရစဉ် (ဓာတ်ပုံ-PCCD)

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ရေထွက်ပေါက် ၄၇ ခုအနက် ၂၁ ခုသာ ရေစီးရေလာကောင်းမွန်ပြီး ကျန် ရေထွက်ပေါက်၂၆ခုတွင် အမှိုက်များ ပိတ်ဆို့နေခြင်းကြောင့် မိုးသည်းထန်စွာရွာလျှင် ရေကြီးရေလျှံဖြစ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“အမှိုက်တွေကို လွယ်လွယ်မပစ်အောင် ပညာပေးတာတွေလုပ်မယ်၊ အမှိုက်ကတစ်ဆင့် အကျိုးပြုလုပ်ငန်းတွေပြန်လုပ်သွားမယ်” ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ အမှိုက်များပိတ်ဆို့မှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင်းရှိ အခြေခံပညာကျောင်း ၄ဝဝ ၌ အမှိုက်စနစ်တကျ စွန့်ပစ်စေရန် ပညာပေးလုပ်ငန်းများကို ဇူလိုင်လမှ စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်း နေ့စဉ်စွန့်ပစ်သော အမှိုက်တန်ချိန် ၃ဝဝဝ ခန့်ကို မြို့တော် စည်ပင်သာယာရေးဌာနက သိမ်းဆည်း၍ သတ်မှတ်နေရာသို့ စွန့်ပစ်ပေးနေရပြီး အမှိုက်မှ တစ်ဆင့် စွမ်းအင်ထုတ်ယူသုံးစွဲရေး စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၅ ခုနှစ်က လှော်ကားဥယျာဉ်အနီး၌ တည်ဆောက်ခဲ့သော စက်ရုံသည် ၂ဝ၁၇ ခုနှစ် ဧပြီလတွင် စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့်ဒဂုံ (ဆိပ်ကမ်း) မြို့နယ်တို့၌ စွန့်ပစ်အမှိုက်မှ တစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စက်ရုံများ တည်ဆောက်ရန် မြို့ပြစီမံကိန်း ၂ဝ၄ဝတွင် ထည့်သွင်းရေးဆွဲထားပြီး ဖြစ်ကြောင်း အစိုးရထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.