Social
အင်းဝမြို့ဟောင်း၌ မြစ်ရေမြင့်တက်မှုများကြောင့် နိုင်ငံတော် ဘတ်ဂျက်ဖြင့် ပြုပြင်ထိန်းသိမ်းသွား မည်
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး အင်းဝမြို့ဟောင်း၌ မြစ်ရေမြင့်တက်မှုများကြောင့် အချို့ သောရှေးဟောင်းစေတီ၊ အဆောက်အအုံများရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်မှုများကြောင့် ကြံ့ခိုင်မှုအားနည်းသွားသည့် ရှေးဟောင်း အဆောက်အအုံများ၊ ပျက်စီးသွားသည့် နေရာများရှိခဲ့ပါက နိုင်ငံတော် ဘတ်ဂျက်ဖြင့် ပြုပြင်ထိန်းသိမ်းသွား မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
တံတားဦးမြို့ မြောက်ဘက် ၂ မိုင် ၄ ဖာလုံ၊ မန္တလေးမြို့ အနောက်တောင်ဘက်မိုင်၂ဝ ခန့်အကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၂၈၅ ပေ၊ ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ဆုံရာတွင်ရှိသည့် အင်းဝမြို့ဟောင်း၌ ရေကြီးခဲ့ကြောင်း သိရသည်။
အင်းဝမြို့ဟောင်းတွင် ရှေးဟောင်းအဆောက်အအုံ ၆၂၄ ခုရှိကြောင်း၊ နံရံ ဆေးပန်းချီများရှိသည့်ဘုရား ငါးဆူ၊ ရှေးဟောင်းကျောက်စာရှိသည့် ဘုရား ခုနစ်ဆူ၊ ကြေးခေါင်းလောင်းစာရှိသည့် ဘုရား သုံးဆူနှင့် အင်းဝခေတ်အဆက်ဆက် တည်ထားခဲ့သော သာသနိက အဆောက်အအုံများရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲ သမိုင်းမှတ်တမ်းများအရ သိရသည်။ (Xinhua)