Connect with us

Social

တိုင်းဒေသကြီး နှင့် ပြည်နယ် အလိုက် လောင်းကစားမှု ၂၃၁ မှုနှင့် လောင်းကြေးငွေကျပ် ၂၃ သန်းကျော် ဇူလိုင်လ အတွင်း ဖမ်းဆီး ရရှိ

ဇူလိုင်လအတွင်း လောင်းကစားမှု ဖမ်းဆီးရရှိမှု အခြေပြဇယားအား တွေ့ရစဉ်(ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၂ ခုတွင် လောင်းကစား အမှုပေါင်း ၂၃၁ မှု ၊ တရားခံ ၅၄၄ ဦးနှင့် လောင်းကြေးငွေကျပ် ၂၃,၄၇၇,၈၅၅ အား ဇူလိုင်လအတွင်း ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ယနေ့သြဂုတ် ၆ ရက်တွင် သတင်းထုတ်ပြန်ချက် အရ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လောင်းကစားမှု ဖမ်းဆီး ရမိသည့် အရေအတွက်များ အနက် ရန်ကုန်တိုင်းဒေသကြီးသည် ၈၁ မှုဖြင့် အများဆုံး ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ၂၇ မှုစီဖြင့် ဒုတိယ အများဆုံး ဖြစ်နေကြောင်း သိရသည်။
ထို့သို့ဖမ်းဆီးရမိမှုများ အနက် နှစ်လုံးထီ လောင်းကစား အမျိုးအစားမှာ အများဆုံးအဖြစ် ၁၀၇ မှု ဖြင့် တရားခံ ၁၃၀ ဦး ဖမ်းဆီး ရမိခဲ့ပြီး ဒုတိယ အများဆုံး အဖြစ် ဖဲလောင်းကစားမှု ၆၄ မှုဖြင့် တရားခံ ၃၀၇ ဦး ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117