Connect with us

Social

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်မည့် အစီအစဉ်များညှိနှိုင်း ဆွေးနွေး

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်းပြီး ညှိနှိုင်းဆွေးနွေးပွဲကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်းပြီး ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို အောက်တိုဘာ ၆ ရက်တွင် ရန်ကုန်မြို့ရှိ Inya Lake Hotel ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရန်နှင့် မြှင့်တင်ရန်အတွက် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ဒီဂျစ်တယ် နည်းပညာနှင့် တီထွင် ဆန်းသစ်မှုများကို အသုံးပြုရန် လိုအပ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ဒီဂျစ်တယ်နည်းပညာဖြင့် ခရီးသွားမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် Digital Marketing Task Force ကို Digital Marketing Advisory Team, Digital Marketing Committee နဲ့ Digital Marketing Implementation Team အဖွဲ့(၃) ဖွဲ့နှင့်ဖွဲ့စည်းခဲ့ပြီး လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရန် Digital Marketing Implementation Team ကို ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် များနှင့် ပူးပေါင်း၍ Target Market အလိုက် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးများကို ပိုမို ထိရောက်စွာ ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။

ထို့နောက်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးအား ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားခဲ့ပြီး ဈေးကွက်အလိုက် ဖွဲ့စည်းထားသည့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လုပ်ငန်း အဖွဲ့များမှ မိမိတို့ လုပ်ငန်းအဖွဲ့အလိုက် ခရီးသွား မြှင့်တင်ရေး ဆောင်ရွက်ထားမှု အခြေအနေများကို အသီးသီး ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ Digital Marketing Committee ဥက္ကဋ္ဌမှ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ခရီးသွားမြှင့်တင်ရေး အသုံးစရိတ်များ သုံးစွဲနိုင်ရန် အတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများအား ဘဏ္ဍာရေးဌာနမှ ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာကြသူများမှ ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.