Social
၂၂ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ တွင် ထီဆုငွေ ကျပ်သန်းပေါင်း ၁၂,၅၁၈.၁၅၄ အား ခွဲေ၀ ချီးမြှင့်မည်

ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ)
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ကျင်းပမည့် ၂၂ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ တွင် ဆုမဲပေါင်း ၁၃၅၄၄၀ ဆု အတွက် ထီဆုငွေ ကျပ်သန်းပေါင်း ၁၂,၅၁၈.၁၅၄ အား ခွဲေ၀ ချီးမြှင့်သွားမည် ဖြစ်ကြောင်း အာင်ဘာလေ သိန်းဆု ဌာနခွဲ၏ ထုတ်ပြန် ကြေညာချက် အရ သိရသည်။
ထီလက်မှတ် စာအုပ် ရောင်းရငွေပေါင်းမှာ ကျပ်သန်းပေါင်း ၂၀,၈၆၃.၅၉၀ ဖြစ်သဖြင့် ၆၀ ရာခိုင်နှုန်း ထီဆုငွေ အဖြစ် ခွဲေ၀ ချီးမြှင့်ပေးမည့် ငွေပေါင်းမှာ ကျပ်သန်းပေါင်း ၁၂,၅၁၈.၁၅၄ အား ခွဲေ၀ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
၂၂ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ အတွက် ရောင်းချရသည့် ထီစာအုပ် ပေါင်း ၄,၁၇၂,၇၁၈ အုပ် ဖြစ်ပြီး ထီလက်မှတ် စောင်ရေမှာ ၄၅,၈၉၉,၈၉၈ စောင် ဖြစ်ကြောင်း သိရသည်။
ထီဆုငွေများအား အထူးဆုကြီး စနစ် ၊ ဆုတစ်ဆုချင်း စနစ် ၊ ဝေေ၀ဆာဆာ ပဒေသာ ဆုမဲ စနစ် များဖြင့် ဆုများ ခွဲေ၀ ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၂၂ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ အတွက် ထီလက်မှတ် များကို “က” အက္ခရာမှ အစဉ်လိုက် “အ” အက္ခရာထိ အက္ခရာ ၃၃ လုံး နှင့် “ကက” အက္ခရာမှ အစဉ်လိုက် “ကဒ” အက္ခရာ ထိ အက္ခရာ ၁၈ လုံး စုစုပေါင်း အက္ခရာ ၅၁ လုံး ရောင်းချခဲ့ကြောင်း သိရသည်။(Xinhua)