Social
ချပ်သင်းဘေးမဲ့တောတွင် မြန်မာ့ရွှေသမင် အကောင် ၁၆ဝ ကျော် တိုးပွား

ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
ကန့်ဘလူမြို့နယ်မှ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အတွင်း ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် မြန်မာ့ရွှေသမင် ကောင်ရေစာရင်းကို မတ် ၂၈ ရက်မှ ၃ဝ ရက်အထိ ကွင်းဆင်း ကောက်ယူခဲ့ရာ သမင်ကောင်ရေ ၈၈၉ ကောင် စာရင်းကောက် ယူရရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်က စာရင်းကောက်ယူရရှိခဲ့သည့် ၇၂၈ ကောင်ထက် ၁၆၁ ကောင် တိုးပွားလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
၁၉၉၈ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ နှစ်စဉ်ကောက်ယူခဲ့သည့် စာရင်းများအရ မြန်မာ့ရွှေသမင် အကောင်ရေသည် ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း စိုးရိမ်ဖွယ်ရာ ကျဆင်းခဲ့သည်ကို တွေ့ရပြီး ၂ဝ၁၇ ခုနှစ်နှင့်၂ဝ၁၈ ခုနှစ်များအတွင်း အသင့်အတင့် ပြန်လည်တိုးပွားလာသည်ကို တွေ့ရကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ချပ်သင်းတော ရိုင်း တိရစ္ဆာန်ဘေးမဲ့တောသည် ကမ္ဘာ့ရှားပါးစာရင်းဝင် မြန်မာ့ ရွှေသမင် (Rucervus eldii Thamin) များ မှီခိုနေထိုင်သည့် အင်တိုင်းတော ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ထားခြင်း ဖြစ်သည်။ မြန်မာ့ရွှေသမင်သည် IUCNအဖွဲ့ကြီး၏ ကမ္ဘာလုံး ဆိုင်ရာ ခြိမ်းခြောက်မှု အခြေအနေများ စာရင်းတွင် မျိုးသုဉ်း ရန်အန္တရာယ်ရှိနေသော မျိုးစိတ်တစ်ခုလည်း ဖြစ်နေကြောင်း သိရသည်။
ချပ်သင်းဘေးမဲ့တော၏ အကျယ်အဝန်းမှာ ၆၄၂၆၄ ဒသမ ၄၂ ဧက(၂၆ဝဒသမ ဝ၆ စတုရန်းကီလိုမီတာ) ကျယ်ဝန်းပြီး ရွှေ သမင်များ နေထိုင်ကျက်စားမှုအလိုက် ဇုန်သုံးခုသတ်မှတ်ကာ စာရင်း ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သမင်စာရင်းကောက်ယူ ရာတွင် ပတ်ဝန်းကျင်ကျေးရွာများက ဘေးမဲ့တော ဧရိယာ အတွင်းမှ အိမ်သုံးသစ်၊ တိုင်၊ မျော၊ ထင်းထုတ်ယူသုံးစွဲခြင်း၊ သစ်တောမြေပယ်ဖျက်ပေးပြီးသည့် ဧရိယာထက် ကျော်လွန် တိုးချဲ့၍ စိုက်ပျိုးမြေ ပြုလုပ်ထားခြင်းများကိုလည်း တွေ့ရှိခဲ့ရပြီး သစ်တောမြေပယ်ဖျက်ခြင်းတွင် မပါဝင်သည့် ယာမြေများ ဆက်လက်လုပ်ကိုင်နေခြင်းအပေါ် တရားစွဲဆိုမှုများ ရှိခဲ့သော် လည်း လုံးဝဖယ်ရှားနိုင်သည်အထိ ဆောင်ရွက်နိုင်ခြင်းမရှိသေး ကြောင်း သိရသည်။ (Xinhua)