Connect with us

Social

ရန်ကုန်လမ်းလျှောက်သြင်္ကန် နေရာသုံးခုတွင် ပြုလုပ်မည်

လမ်းလျှောက်သင်္ကြန်ပြင်ဆင်မှုအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

၁၃၇၉ ခုနှစ်မြန်မာ့ရိုးရာ မဟာသြင်္ကန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး လမ်းလျှောက်သြင်္ကန်ကို နေရာသုံးခုတွင် စည်စည်ကားကား ကျင်းပသွားရန် ပြင်ဆင်မှုများ စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ အင်ဂျင်နီယာနှင့် လမ်းတံတားဌာနထံမှ သိရသည်။

ရန်ကုန် လမ်းလျှောက်သြင်္ကန်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မဟာဗန္ဓုလပန်းခြံဘေး၊ ကန်တော်ကြီး မြေပဒေသာကျွန်း နှင့်ဦးဥတ္တမ ပန်းခြံ (ယခင် ကန်တော်မင်ပန်းခြံ)တို့၌ ကျင်းပသွားရန် ပြင်ဆင်မှု များ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းလျှောက်သြင်္ကန် ကျင်းပမည့် နေရာများတွင် စတုဒီသာ များ ကျွေးမွေးသွားမည် ဖြစ်ကြောင်း၊ ကုမ္ပဏီအဖွဲ့အစည်းများ၊ အလှူရှင်များ ကစတုဒီသာများ ပြုလုပ်ကျွေးမွေးကြ မည်ဖြစ်ကြောင်း၊ သခင်မြပန်းခြံတွင် လည်း သြင်္ကန်အထိမ်းအမှတ် စတုဒီသာ ကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်သြင်္ကန်တွင် ရန်ကုန် မြို့ပေါ်၌ ဗဟိုမဏ္ဍပ်တစ်ခုတည်း ကိုသာ အဓိကထားပြီး ရေကစားခွင့်ပြုခဲ့ရာမှ ယခုနှစ် ရန်ကုန်သြင်္ကန် သည် ဖျော်ဖြေ ရေးမဏ္ဍပ် ၃၅ ခုနှင့် ဖျော်ဖြေရေး နှင့်ရေကစားမဏ္ဍပ်အခု ၆ဝ ဆောက်လုပ် ခွင့်ပြုထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.