Connect with us

Social

ငွေကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ယာတွေလာမည်

ရန်ကုန်မြို့တွင်ဆောက်လုပ်နေသည့်တိုက်ခန်းအားတွေ့ရစဉ် (ဓာတ်ပုံ-- ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ လူဦးရေ တိုးပွားမှုနှုန်းနှင့်အညီ နေရာထိုင်ခင်းများ ပေးနိုင်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွင်း တန်ဖိုးငွေကျပ် သိန်း ၁ဝဝ အောက် တိုက်ခန်းများ ပါရှိမည့် တန်ဖိုးနည်း အိမ်ရာများကို ဆက်တိုက် အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် အဆိုပါ ဝန်ကြီးဌာန အနေဖြင့် ရန်ကုန်မြို့၌ တန်ဖိုးနည်း အိမ်ရာ အခန်းပေါင်း ၈ဝဝဝ ဆောက်လုပ်ရန် မြေနေရာ ရရှိထားပြီး ဖြစ်သည်။ ဆက်လက်၍ မြို့တွင်း၌ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၈ဝဝဝဝ ဆောက်လုပ်ရန် လိုအပ်သည့် မြေနေရာ ရရှိရေး ကိုလည်း လုပ်ဆောင်သွားမည် ဖြစ်သည်။
ယင်း အခန်းများကို တည်ဆောက်သည့် နေရာတွင် ရန်ကုန်မြို့၏ လူနေ ထူထပ်သည့် မြို့နယ်များ၌ အဓိကအနေဖြင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း၊ တန်ဖိုးနည်း အိမ်ရာ များ၏ တန်ဖိုးကို အခြေခံဝန်ထမ်း တစ်ဦး ဝယ်ယူနိုင်သည့် အနေအထားဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အခန်းများအား ရောင်းချရာတွင် အိမ်ရာလိုအပ်ချက် ရှိနေသည့် အခြေခံ လူတန်းစားများကိုသာ အဓိကထား ရောင်းချသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.