Social
ထိုင်းနိုင်ငံတွင် ဒုက္ခရောက်နေသော မြန်မာအလုပ်သမား (၅) ဦးအား MOEAF မှနေရပ်သို့ပြန်လည်ပို့ဆောင်ပေး
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)
အလုပ်သမားသံအရာရှိ၏ လမ်းညွှန်ချက်ဖြင့် MOEAF (မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်) ဘန်ကောက်ရုံးမှ ထိုင်းနိုင်ငံတွင် ဒုက္ခရောက်နေသော မြန်မာအလုပ်သမား (၅) ဦးအား မြန်မာပြည်ရှိ အုပ်ထိန်းသူများထံ ဆက်သွယ်အကြောင်းကြားပြီး မြန်မာပြည်နေရပ်သို့ တာဝန်ယူပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အလုပ်သမား (၅) ဦးမှာ (၁) မစန်းစန်းမိုး (၂၀)နှစ် ၊အဖ ဦးကျော်မြင့် အမိ ဒေါ်နှင်းအိဖြူ၊စည်ပင်သာယာရပ်ကွက်၊ကန်စောက်ကျေးရွာ၊ကျောက်တော်မြို့နယ်၊ ရခိုင်ပြည်နယ် ၊ (၂) မတင်တင်မိုး (၁၉) နှစ်၊ အဖ ဦးအောင်နိုင်ဦး အမိ ဒေါ်ဌေးသန်းမြင့်အမှတ် (၁)ရပ်ကွက်၊ဥသာမြို့နယ်၊ပဲခူးတိုင်းဒေသကြီး၊ (၃) ကျော်ဇင်အောင် (၁၉) နှစ် အဖ ဦးသန်းအောင် အမိဒေါ်အေးသန်း အင်းကျီးကျေးရွာလောင်းလုံးမြို့နယ် ၊ (၄) ဇော်လင်းဦး (၂၀) နှစ် အဖ ဦးသန်းအောင် အမိဒေါ်အေးသန်း အင်းကျီးကျေးရွာလောင်းလုံးမြို့နယ် (၅) အောင်မိုးဦး (၂၃) နှစ် ၊ အဖ ဦးစောမောင်၊ အမိဒေါ်သန်းဝင်း၊ အိမ်မဲမြို့နယ်၊ ကမန်းတောင်ကျေးရွာ ဧရာဝတီတိုင်းဒေသကြီး စသည့် အလုပ်သမား (၅) ဦး တို့ဖြစ်ကြပြီး နေထိုင်ခွင့်သက်သေအထောက်အထား မရှိသူများ၊ မပြည့်စုံသူများ ဖြစ်သဖြင့် MOEAF ဘန်ကောက်ရုံးက အလုပ်သမား၏ လိုအပ်သော ကိစ္စအဝဝကို လုပ်ကိုင်ဆောင်ရွက်ပေးပြီး အလုပ်သမားများ၏ မိဘများနှင့် ဆက်သွယ်ဆောင်ရွက်ပေးခဲ့သည်ဟုသိရသည်။
အလုပ်သမားသံအရာရှိ၏ ထောက်ခံချက်၊ လမ်းညွန်ချက်များ နှင့် MOEAF အစီအစဉ်ဖြင့် တာဝန်ရှိသူများ မှ အလုပ်သမား (၅) ဦးအား လိုအပ်သော ကူညီထောက်ပံ့မှုများကို ကူညီဆောင်ရွက်ပေးခဲ့ပြီး (၁၅-၈-၂၀၁၆) ရက်နေ့တွင် ဘန်ကောက်မှမဲဆောက်၊ မဲဆောက်မှ တဆင့် မြန်မာပြည်နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ (Xinhua)