Social
ရက် ၁၀၀ စီမံချက်ကာလအတွင်း ရှမ်းပြည်နယ်၌ မူးယစ်ဆေးဝါး ပမာဏ အများအပြား ဖမ်းဆီးရမိ
ရန်ကုန် ၊ မေ ၃၀ ရက် (ဆင်ဟွာ)
ရက် ၁၀၀ စီမံချက်ကာလအတွင်း ရှမ်းပြည်နယ်အတွင်း၌ မူးယစ်ဆေးဝါး ပမာဏ အများအပြားအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို ့နယ် ၊ ကောင်းခါး-ကွတ်ခိုင်လမ်း ယူကလစ်တောတွင် မေလ ၂၈ ရက်တွင် သတင်းအရ ၁၂ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာတွင် ဆာလာအိတ် ၁၀၅ အိတ်ဖြင့် စိတ်ကြွရူးသွပ် ဆေးပြားပေါင်း ၂၁၀.၅ သိန်း အား ဖမ်းဆီး ရမိခဲ့သဖြင့် ယာဉ်မောင်း အပါအဝင် ၃ ဦးအား မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူခဲ့ကြောင်း သိရသည်။
ထိုအတူ ကျိုင်းတုံမြို့နယ်၊ နောင်ဖာဂိတ်တွင် ခရီးသည်တင် မော်တော်ယာဉ်ကို ရှာဖွေရာ ကာလတန်ဘိုး ကျပ် ၁၂၅၀၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား သိမ်းဆည်းရမိသဖြင့် ယာဉ်မောင်းအား အရေးယူခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ) ကျေးရွာ အုပ်စု၊ ပါခုတ်စစ်ဆေးရေးဂိတ်တွင် တာချီလိတ် ဘက်မှ ဝမ်ပုံဘက်သို့ မောင်းနှင် လာသည့် မော်တော် ယာဉ်ကို ရှာဖွေရာ ယာဉ်နောက်ဖုံးအတွင်းမှ ဆာလာ အိတ်ဖြင့်ထည့်လျက် ဘိန်းဖြူ ဘလောက်တုံး ၉၇ တုံး (အလေးချိန် ၃၃. ၉၅ ကီလို၊ ကာလတန်ဘိုး ၅၄၃၂ သိန်း) သိမ်းဆည်း ရမိသဖြင့် ယာဉ်မောင်းအား အရေးယူ ထားကြောင်း သတင်း ရရှိသည်။ (Xinhua)