Social
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နှင့် ခွါညိုပန်းနှင့်မြင်းခင်းပွဲ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်များ ရောင်းချပေးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၁) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်း အသစ် (၃)မျိုးအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နှင့် ခွါညိုပန်းနှင့်မြင်းခင်းပွဲ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်များအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့တို့တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက်အသီးသီးတို့တွင် ရောင်းချပေး သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ထိုနေ့များတွင် ဝယ်ယူသော အထူးထုတ်စာပို့ တံဆိပ်ခေါင်းများအား နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ် ကြောင်းသိရသည်။ (Xinhua)