Social
သြင်္ကန်ပွဲတော်ကာလအတွင်း ပြည်သူများ သတိပြုရှောင်ကြဉ်ရမည့် အသိပေးနှိုးဆော်ချက်များထုတ်ပြန်
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သြင်္ကန်ပွဲတော်ကာလအတွင်း ပြည်သူများ သတိပြုရှောင်ကြဉ်ရမည့် အသိပေးနှိုးဆော်ချက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ထုတ်ပြန်သည်။
ရေပက်ခံကားယာဉ်မောင်းသူများ အရက်သေစာ သောက်စားထားမှု နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေး တားဆီးကြရန်၊ မူးယစ်ဆေးဝါးများ၊ စိတ်ပြောင်းဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများ နှင့်တံဆိပ်သဏ္ဍာန်အမျိုး မျိုး၊ ပုံသဏ္ဍာန် အမျိုးမျိုးတို့ဖြင့် တရားမဝင်ရောက်ရှိလာသည့် ကာမဆန္ဒနှိုးဆွစေသော ဆေးဝါးများအား မိမိကိုယ်တိုင်သောက်သုံးခြင်းမှ ရှောင်ကြဉ်ကြပါရန် နှင့် မြှူဆွယ်တိုက်ကျွေး၍ အန္တရာယ်ပေးနိုင်သည်ကိုလည်း သတိပြုဆင်ခြင်ကြရန် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ရပ်မိရပ်ဖများ၊ မိဘအုပ်ထိန်းသူများ နှင့် မဏ္ဍပ်တာဝန်ခံများဝိုင်းဝန်းထိန်းသိမ်း၍ ပူးပေါင်းဆောင်ရွက်ပေးကြရန်မေတ္တာရပ်ခံအပ်ပါသည် ဟူ၍ အသိပေးနှိုးဆော်ချက်ထဲတွင် ပါရှိသည်။ (Xinhua)