Connect with us

Sport

ခြောက်နိုင်ငံ ပါဝင်မည့် ဘက်စုံ အတိုက် နပမ်း ပြိုင်ပွဲ ရန်ကုန်မြို့၌ ကျင်းပမည်

WWE နပမ်း အားကစားသမားများ၏ ကြော်ငြာ ပိုစတာအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အတွင်းရှိ ရေဘေးသင့် ဒေသများ အတွက် ရန်ပုံငွေ ရှာဖွေပေးရန် ရည်ရွယ်ပြီး Myanmar Flood Reconstruction Assistance CHARITY WRESTLING TOURNAMENT အမည်ဖြင့် ဘက်စုံ အတိုက် နပမ်း ပြိုင်ပွဲအား ရန်ကုန်မြို့ရှိ သိမ်ဖြူ လက်ဝှေ့ အားကစားရုံ၌ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) ညပိုင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ WRESTLING နပမ်း ပြိုင်ပွဲကြီးတွင် နယူးဇီလန်၊ သြစတြေးလျ၊ အီတလီ၊ ဂျပန်၊ အမေရိကန်နှင့် အင်္ဂလန် စုစုပေါင်း ခြောက်နိုင်ငံ၏ ကိုယ်ခံ ပညာရှင် များက သုံးချီပွဲ ယှဉ်ပြိုင် ထိုးသတ်မည် ဖြစ်သည်။

WRESTLING နပမ်း ပြိုင်ပွဲတွင် အမျိုးသမီး ပွဲစဉ်များလည်း ပါဝင်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ထိုးသတ်မည့် ကစားသမား သုံးဦးမှာWWE ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ထိုးသတ်နေသူများ ဖြစ်သည်။ ယင်းပြိုင်ပွဲကြီးတွင် နိုင်ငံအတွင်း ကျင်းပခဲ့သည့် မျိုးဆက်သစ် ရိုးရာ လက်ဝှေ့ပွဲများမှ လူငယ်ရိုးရာ လက်ဝှေ့ကျော်များ ပါဝင်ယှဉ်ပြိုင် ထိုးသတ်မည် ဖြစ်သည်။

အဆိုပါရိုးရာ လက်ဝှေ့တွဲဆိုင်း လေးချီပွဲ သုံးပွဲကို ရိုးရာ လက်ဝှေ့ စည်းမျဉ်း စည်းကမ်း အတိုင်း ယှဉ်ပြိုင် ထိုးသတ်မည် ဖြစ်ကြောင်း သိရသည်။

ယင်းပွဲကြီးကို စီစဉ်သည့် O-ONE အဖွဲ့သည် အဆိုပါပွဲကြီးမှ ရရှိလာမည့် ဝင်ငွေများ အားလုံးကို မြန်မာနိုင်ငံ အတွင်းရှိ ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင် ရန်အတွက် လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.