Connect with us

Sport

ထိုင်းပရီးမီးယားလိဂ်ကလပ်အသင်းတွင်ကစားမည့်အောင်သူ၏အပြောင်းအရွှေ့သည်မြန်မာ့ဘောလုံးလောကအတွက်ကောင်းမွန်ကြောင်း မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ပြောကြား

လက်ရွေးစင်ကစားသမားအောင်သူအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ထိုင်းပရီးမီးယားလိဂ် ကလပ် Police Tero (ပူးလစ်တီရို) အသင်းတွင် ကစားမည့် မြန်မာ့ဘောလုံးလက်ရွေးစင် အသင်းနှင့် ရတနာပုံ အက်ဖ်စီအသင်း ရှေ့တန်းလူ အောင်သူ၏ အပြောင်းအရွှေ့သည် မြန်မာ့ဘောလုံးလောကအတွက် ကောင်းမွန်သည့် သက်ရောက်မှုရှိကြောင်း မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဆီဇီက ပြောကြားသည်။

” ထိုင်းပရီးမီးယားလိဂ်လို အဆင့်မြင့်တဲ့ နေရာမှာ သွားရောက်ကစားရမှာဆိုတော့ အောင်သူအတွက်ရော မြန်မာ့ လက်ရွေးစင် အသင်းအတွက်ပါ ကောင်းမွန်တဲ့ သက်ရောက်မှု ရှိပါတယ်။ ထိုင်းလိဂ်အသင်းတွေက နည်းစနစ်လည်း ကောင်းမွန်တယ်၊ ကစားအား (ပါဝါ)လည်းရှိကြတယ်။ ၂ နှစ်လောက် ထိုင်းလိဂ်မှာ ကစားလိုက်မယ်ဆိုရင် အောင်သူ ဟာ ဒီထက်ပိုတဲ့ ခြေစွမ်း၊ ကြံ့ခိုင်မှု အပြည့်နဲ့ဒေါင်ဒေါင်မြည် ကစားသမား တစ်ယောက် ဖြစ်လာမှာပါ။ ဒါဆိုရင် မြန်မာ့ လက်ရွေးစင် အသင်းအတွက် အများကြီး အကျိုးပြုနိုင်ပါလိမ့်မယ်။ သူ့ရဲ့အပြောင်းအရွှေ့အတွက် ဂုဏ်ယူပါတယ်” ဟု မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဆီဇီက ပြောကြားသည်။

ထိုင်းပရီးမီးယားလိဂ် ကလပ် Police Tero အသင်းသည် ရတနာပုံအက်ဖ်စီအသင်းနှင့် ညှိနှိုင်းပြီးနောက် အောင်သူကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း တရားဝင်သတင်းများထွက်ပေါ်လာခဲ့သည်။ ယခင် Police Tero အသင်းသည် ယခုနှစ် အသင်း(၁၈)သင်းပါ ထိုင်းပရီးမီးယားလိဂ်တွင် အဆင့် ၁၄ နေရာသာ ရရှိနေပြီး လာမည့်ရာသီအောင်မြင်မှု ရရှိရေးအတွက် အောင်သူအား စတင်ဆက်သွယ်လာခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသို့ မြန်မာကစားသမားများ ယခင်က သွားရောက် ကစားလေ့ရှိခဲ့သော်လည်း ယခုနှစ် အောင်သူ၏ အပြောင်းအရွှေ့မှာပို၍ လှုပ်ခတ်မှုရှိခဲ့ပြီး ထိုင်းပရီးမီးယားလိဂ်အဆင့်သို့ ပြောင်းရွှေ့ခဲ့ခြင်းလည်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.