Connect with us

Sport

နိုင်ငံ ဂုဏ်ဆောင်နိုင်ရန် အကောင်းဆုံး ကစားသွားမည်ဟု အောင်လအန်ဆန်းဆို

အောင်လ အန်ဆန်း နှင့် Alexandre Machado တို့ အား သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)

ဝမ်းချန်ပီယံရှစ် ရွှေခါးပတ် လုပွဲ(ONE:QUEST FOR GOLD) ပြိုင်ပွဲတွင် နိုင်ငံ ဂုဏ်ဆောင်နိုင်ရန် အကောင်းဆုံး ကစား သွားမည် ဖြစ်ကြောင်း အောင်လ အန်ဆန်းက ယနေ့ဖေဖော်ဝါရီ ၂၀ ရက်တွင် ပွဲကြို ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဝမ်းချန်ပီယံရှစ် ရွှေခါးပတ် လုပွဲ ပြိုင်ပွဲအား ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့သုဝဏ္ဏ အားကစားရုံ၌ ကျင်းပ သွားမည် ဖြစ်ရာ ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တစ်ဦး ဖြစ်သူ မြန်မာစပါးအုံးမြွေ အောင်လ အန်ဆန်းသည် ဘရာဇီးမှ ကမ္ဘာ့ချန်ပီယံ Alexandre Machado နှင့် ဝမ်းလိုက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု အတွက် ယှဉ်ပြိုင် ထိုးသတ်သွားမည် ဖြစ်သည်။

အောင်လ အန်ဆန်းက ပြိုင်ဘက်အား အကောင်းဆုံး ယှဉ်ပြိုင်၍ အားလုံး ဂုဏ်ယူနိုင်အောင် ကစား ပေးသွားမည် ဖြစ်ကြောင်း ၊ ယခုပွဲတွင် လက်ဝှေ့ကဲ့သို့လက်သီး ၊ ခြေကန်ခြင်းများ နှင့် ဒူးများဖြင့် ယှဉ်ပြိုင်မှုများအား ပို၍ တွေ့မြင်ရမည် ဖြစ်ကြောင်း ၊ ပို၍ စိတ်လှုပ်ရှားစရာ ရှိမည်ဟု ယုံကြည်ပါကြောင်း ၎င်းက သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တစ်ဦး ဖြစ်သူ မြန်မာစပါးအုံးမြွေ အောင်လ အန်ဆန်းက ပြိုင်ပွဲ နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားနေစဉ်(ဆင်ဟွာ)

အောင်လ အန်ဆန်း၏ ယှဉ်ပြိုင်ဘက် ဖြစ်သူ ဘရာဇီးမှ ကမ္ဘာ့ချန်ပီယံ Alexandre Machado က ယခုပွဲ အတွက် လေ့ကျင့်မှု များစွာ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

ဝမ်းချန်ပီယံရှစ် ရွှေခါးပတ် လုပွဲ ပြိုင်ပွဲတွင် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လ အန်ဆန်း နှင့် ဘရာဇီးမှ ကမ္ဘာ့ချန်ပီယံ Alexandre Machado တို့၏ ပွဲစဉ် အပြင် ဝမ်းဖယ်သာ ဝိတ်တန်း ကစားသမား ဖိုးသော် နှင့် ကမ္ဘောဒီးယား ဖနွမ်းပင်မှ Sor Sey ပွဲစဉ်တို့အပါအဝင် ပွဲစဉ် ၈ ပွဲ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝမ်းဖယ်သာ ဝိတ်တန်း ကစားသမား ဖိုးသော်က ၎င်းအနေဖြင့် ပထမဆုံး အချိန် နိုင်ငံခြားသားဖြင့် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း ၊ ပရိသတ် အားပေးရ ကျိုးနပ်သည့် ပြိုင်ပွဲ တစ်ပွဲ ဖြစ်အောင် အကောင်းဆုံး ရေကုန်ရေခမ်း ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.