Connect with us

Sport

အောင်လ အန်ဆန်းက ပြိုင်ဘက်အား ယှဉ်ပြိုင် အနိုင်ရရှိကာ ဝမ်းချန်ပီယံရှစ် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဖြစ်လာ


ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

ဝမ်းချန်ပီယံရှစ် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဆု အတွက် ဝမ်းမစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ မြန်မာစပါးအုံးမြွေ အောင်လ အန်ဆန်း နှင့် ဘရာဇီးမှ ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ အလက်ဇန္ဒား မချာဒို(Alexandre Machado)တို့ယှဉ်ပြိုင် ထိုးသတ် ကြရာ ပထမပိုင်း စတင်ချိန် ၅၆ စက္ကန့်တွင်ပင် အောင်လအန်ဆန်းက အနိုင်ရရှိခဲ့သည်။

ဝမ်းချန်ပီယံရှစ် ရွှေခါးပတ် လုပွဲ (ONE:QUEST FOR GOLD) ပြိုင်ပွဲ၏ အဓိက ပွဲစဉ် တစ်ခု အဖြစ် အောင်လ အန်ဆန်း နှင့် အလက်ဇန္ဒား မချာဒို တို့ယှဉ်ပြိုင် ထိုးသတ်ကြရာတွင် ပထမပိုင်း စတင်ချိန်မှာပင် အောင်လအန်ဆိုင်း၏ ခြေကန်ချက် ၊ ထိုးနှက်ချက် တို့ဖြင့် ပြိုင်ဘက်အား အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဝမ်းလိုက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ဖြစ်လာသည့် အောင်လအန်ဆိုင်း၏ ယှဉ်ပြိုင် ထိုးသတ်မှုများအား တွေ့စဉ်(ဆင်ဟွာ)

ယခုအခါ မြန်မာစပါးအုံးမြွေ အောင်လ အန်ဆန်းသည် ဝမ်းချန်ပီယံရှစ် ၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု နှင့် မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု တို့အား ရရှိခဲ့ပြီ ဖြစ်သည်။အောင်လအန်ဆန်းက ယခုကဲ့သို့ အနိုင်ရရှိခြင်းသည် တစ်ဦးထဲ ကြိုးစားမှုကြောင့် မဟုတ်ဘဲ အားလုံး ကူညီခဲ့မှုများကြောင့် ဖြစ်ကြောင်း ၊ ယခု ရရှိခဲ့သည့် ချန်ပီယံဆု ၂ ခုအတွက် ကာကွယ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ယုံကြည်ချက် အပြည့်အဝ ရှိကြောင်း ၊ အားလုံး စုစုပေါင်းပေါင်း လုပ်ပါက ဘာမဆို အောင်မြင်နိုင်ကြောင်း ပွဲအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဝမ်းလိုက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ဖြစ်လာသည့် အောင်လအန်ဆိုင်း၏ ယှဉ်ပြိုင် ထိုးသတ်မှုများအား တွေ့စဉ်(ဆင်ဟွာ)

အောင်လ အန်ဆန်းသည် ၂၀၁၇ ခုနှစ် ဇွန်လတွင် မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဗစ်တာလီ ဘစ်ဒက်ချ်အား ယှဉ်ပြိုင် အနိုင်ရရှိကာ ဝမ်းမစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ရရှိခဲ့ပြီး ယခုအခါ ဝမ်းလိုက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဆုအား ပြိုက်ဘက် အလက်ဇန္ဒား မချာဒိုအား ယှဉ်ပြိုင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဝမ်းလိုက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ဖြစ်လာသည့် အောင်လအန်ဆိုင်း၏ ယှဉ်ပြိုင် ထိုးသတ်မှုများအား တွေ့စဉ်(ဆင်ဟွာ)

ဝမ်းချန်ပီယံရှစ် ရွှေခါးပတ် လုပွဲ(ONE:QUEST FOR GOLD) ပြိုင်ပွဲတွင် ဖယ်သာ ဝိတ်တန်း ပွဲစဉ် တစ်ခု အဖြစ် ဖိုးသော် နှင့် ကမ္ဘောဒီးယား ဖနွမ်းပင်မှ ဆိုဆေး(Sor Sey) တို့ယှဉ်ပြိုင်ကြရာ ဖိုးသော်က ပြိုင်ဘက်အား ပထမပိုင်း ၂ မိနစ် အတွင်း အသာစီး ရရှိခဲ့ပြီး လက်သီး ထိုးနှက်ချက် ၊ ခြေကန်ချက်တို့ဖြင့် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

ဖိုးသော်က အနိုင်ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ကစားနိုင်ခြင်းသည် ပြင်းထန်သည့် စိတ်ဓာတ် တို့ကြောင့် ဖြစ်ပြီး ၊ အားပေးသည့် ပရိသတ် အားလုံးအား ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။ရန်ကုန်မြို့ရှိ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပသည့် ဝမ်းချန်ပီယံရှစ် ရွှေခါးပတ် လုပွဲတွင် အောင်လ အန်ဆန်း နှင့် အလက်ဇန္ဒား မချာဒို တို့၏ ပွဲစဉ် အပါအဝင် စုစုပေါင်း ပွဲစဉ် ၉ ပွဲ ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.