Connect with us

Sport

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် အပျော်တမ်းဘောလုံးလိဂ်ပြိုင်ပွဲများ ယခုနှစ်အတွင်း စတင်ကျင်းပမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်မှ We Are One Cup 2017 ပြိုင်ပွဲအားဖွင့်လှစ်ပေးစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် အပျော်တမ်းဘောလုံးလိဂ်ပြိုင်ပွဲများ ယခုနှစ်အတွင်း စတင်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတစ်ဝန်း ၌ အပျော်တမ်းဘောလုံးပြိုင်ပွဲနှင့် အပျော်တမ်းဘောလုံးကလပ်အသင်းများ တစ်ဆထက်တစ်ဆ တိုးပွားလာလျက်ရှိရာ အပျော်တမ်းဘောလုံးလောက စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အပျော်တမ်းကလပ်အသင်းများအား ပရော်ဖက်ရှင်နယ် ဘောလုံးပြိုင်ပွဲများနှင့် ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ အပျော်တမ်းဘောလုံးလိဂ်ပြိုင်ပွဲတစ်ရပ်ကို ၂၀၁၈ခုနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကနဦးအဖြစ် မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးနှစ်မြို့ဖြစ်သည့် ရန်ကုန်နှင့် မန္တလေး အခြေပြု လိဂ်ပြိုင်ပွဲနှစ်ရပ်အား ၂၀၁၈ခုနှစ်အတွင်း စတင်ကျင်းပသွားမည် ဖြစ်ပြီး နှစ်စဉ် အခြားမြို့ကြီးများတွင်လည်း အပျော်တမ်း လိဂ်ဘောလုံး ပြိုင်ပွဲများ ထပ်မံတိုးချဲ့ ကျင်းပသွားမည်ဖြစ်သည်။ယခုနှစ်တွင် စတင်ကျင်းပမည့် အသင်း(၈)သင်းစီ ပါဝင်သည့် ရန်ကုန်၊ မန္တလေး လိဂ်ပြိုင်ပွဲများသို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိနိုင်ရန် MFF Main Sponsor ဖြစ်သည့် Myanmar Brewery Limited မှ နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိသောWeAreOneCupပြိုင်ပွဲအားခြေစစ်ပွဲစဉ်များအဖြစ်သတ်မှတ်ကာ WeAreOneCup ရန်ကုန် နှင့်WeAreOneCup (မန္တလေး)ပြိုင်ပွဲများမှကွာတားဖိုင်နယ်တက်ရောက်နိုင်သည့် အသင်းများကို အပျော်တမ်း လိဂ်ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုသွားမည်ဖြစ်သည်။

၂၀၁၉ခုနှစ်မှ စတင်၍ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စဉ်ဆက်မပြတ် အောင်မြင်စွာ ကျင်းပနိုင်လျက်ရှိသော အခြား အပျော်တမ်းဘောလုံးပြိုင်ပွဲများမှ ကလပ်အသင်းများကိုပါ အပျော်တမ်းလိဂ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုရန် စီစဉ်သွားမည် ဖြစ်သည်။အပျော်တမ်းလိဂ်များ၏ ထိပ်သီးအသင်းအဖြစ် ထွက်ပေါ်လာမည့် အသင်းများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့က ကြီးမှူးကျင်းပလျက်ရှိသော ပရော်ဖက်ရှင်နယ် ဘောလုံးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိစေရေးလည်း ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ We Are One Cup ခြေစစ်ပွဲစဉ်များတွင် ပါဝင်ယှဉ်ပြိုင်ကစားလိုသည့် အသင်းများအနေဖြင့် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး We Are One Cup Facebook Page သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း We Are One Cup ပြိုင်ပွဲကျင်းပရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.