Connect with us

Sport

အောင်ဆန်းအားကစားကွင်းအားပြုပြင်ဆောင် ရွက်မည်

ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးရှိ၊ အောင်ဆန်းအားကစားကွင်းအားပြုပြင်ဆောင် ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကပြော ကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယအကြိမ်လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (ဒသမနေ့) တွင်

မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး

၏ “(၁) ရန်ကုန်တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍ တိုးတက်လာစေရန် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်မှုအားနည်းသော ဒေသဆိုင်ရာအားကစားမှူးများအား ထိန်းကျောင်းသွားရန် အစီအစဉ်ရှိ/မရှိ၊ (၂) အစဉ်အလာကြီးမားခဲ့သော အောင်ဆန်းအားကစားကွင်းအား မည်ကဲ့သို့ပြုပြင်ဆောင်ရွက်သွားမည်နှင့် ပြုပြင်ပြီးပါက ဘောလုံးအားကစားနှင့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများကို အဆင့်မြှင့်ကျင်းပပေးရန် အစီအစဉ်ရှိ/မရှိ၊ (၃) ယခုလက်ရှိ အောင်ဆန်းအားကစားကွင်း ပတ်လည်ရှိ ဆိုင်ခန်းများအား မည်သည့်နှုန်းထားနှင့် မည်ကဲ့သို့ငှားရမ်းထားရှိပြီး မည်သည့်ဌာနကရရှိကြောင်း”ကို သိရှိလိုကြောင်းမေးခွန်းနှင့်ပတ်သက်ပြီးလူမှု ရေးဝန်ကြီးဦးနိုင်ငံလင်းကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အောင်ဆန်းအားကစားကွင်းအား ပြုပြင်ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ (၂၂.၁၂.၁၇)ရက်စွဲပါ စာအမှတ်၊၁၄/၂၇၂ – ကွင်း/ MFF – ၁၈/ အဖ၇ (၂၀၁၇)အရ အပ်နှံ/လွှဲပြောင်းရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆင့်မြှင့်တင်ရေးစီမံချက်ကို အား/ကာ (ရုံးချုပ်)သို့ တင်ပြထားပါသည်။ ပြုပြင်ပြီးပါက ဘောလုံးနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများကို အဆင့်မြှင့် ကျင်းပရန် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု လူမှုရေးဝန်ကြီးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍ တိုးတက်လာစေရန်ဆောင်ရွက်မည် ဖြစ်ပြီး လုပ်မှားကိုင်မှားဖြစ်ခဲ့သည့် ဒေသဆိုင်ရာအားကစားမှူးများအား ထိန်းကျောင်းသွားရန် အစီအစဉ်ရှိကြောင်း လက်ရှိတွင်လည်း ဝန်ထမ်းစည်းမျဉ်း၊ ပြိုင်ပွဲစည်းမျဉ်း ချိုးဖောက်သူများအား အရေးယူမှုများ ဆောင်ရွက်ကာ မှန်ကန်စွာကြီးကြပ်ကွပ်ကဲလျက်ရှိကြောင်း၎င်း ကပြောသည်။

“အောင်ဆန်းအားကစားကွင်း ပတ်လည်ရှိ ဆိုင်ခန်းပေါင်း(၃၂၁)ခန်းအတွက် ငှားရမ်းခငွေစုစုပေါင်း တစ်နှစ်လျှင်(၄၈,၁၃၃,၂၀၀ိ/-)ရရှိပါတယ်။ နိုင်ငံတော်သို့ပေးသွင်းရပါတယ်။ ငှားရမ်းခများတိုးမြှင့်ကောက်ခံပြီး နိုင်ငံတော်ရငွေစာရင်း ပိုမိုရရှိရေး အတွက် အောင်ဆန်းအားကစားကွင်း အဆင့်မြှင့်တင်ရေးစီမံချက်နှင့်အတူ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးစားစွာဖြေကြားအပ်ပါတယ်”ဟုဝန်ကြီး ကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.