Connect with us

Sport

မြန်မာ ယူ-၂၂ ဘောလုံး အသင်း အုပ်စု အဖွင့်ပွဲစဉ်၌ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရ

မြန်မာ ယူ-၂၂ ဘောလုံး အသင်းနှင့် မလေးရှား ယူ-၂၂ ဘောလုံး အသင်း ပွဲရလဒ်အား တွေ့ရစဉ်(ဓာတ်ပုံ - MFF)

ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံး ပွဲစဉ်များတွင် မြန်မာ ယူ-၂၂ ဘောလုံး အသင်းနှင့် မလေးရှား ယူ-၂၂ ဘောလုံး အသင်းတို့သည် အုပ်စုပွဲစဉ်အဖြစ် ယနေ့ ယှဉ်ပြိုင် ကစားခဲ့ရာ တစ်ဘက် တစ်ဂိုးစီဖြင့် သရေ ရလဒ် ထွက်ပေါ်ခဲ့သည်။

ပွဲကစားချိန် ပထမပိုင်းတွင် မြန်မာ ယူ-၂၂ ဘောလုံး အသင်းမှ အဖွင့်ဂိုးအား ပွဲချိန် ၁၄ မိနစ်တွင် လှိုင်းဘိုဘို၏ ထောင့်ကန် ဘော ပေးပို့မှုမှ တစ်ဆင့် မြန်မာ နောက်တန်း ကစားသမား စိုးမိုးကျော်က ခေါင်းတိုက် သွင်းယူခဲ့ပြီး ပွဲချိန် ၂၄ မိနစ် အချိန်တွင် မလေးရှား ယူ-၂၂ ဘောလုံး အသင်း ကစားသမားက မြန်မာ အသင်း၏ နောက်တန်း အမှားမှ တစ်ဆင့် ပြန်လည် သွင်းယူခဲ့ပြီးနောက် ပွဲချိန် ပြီးဆုံးသည် အထိ ၁-၁ ရလဒ်ဖြင့်သာ မြန်မာ အသင်း ကျေနပ်ခဲ့ရသည်။

အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံး ပွဲစဉ်များတွင် မြန်မာ ယူ-၂၂ ဘောလုံး အသင်းမှာ အုပ်စု ဒုတိယ ပွဲစဉ် အဖြစ် အိမ်ရှင် ဖိလစ်ပိုင် ယူ-၂၂ ဘောလုံး အသင်းနှင့် နိုဝင်ဘာလ ၂၇ ရက်တွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.