Connect with us

Sport

အမျိုးသားရေး သန္နိဌာန်ဖြင့် ရေကုန်ရေခန်း ကြိုးပမ်းကြဖို့ ဒု သမ္မတ တိုက်တွန်း

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ကြွရောက်လာစဉ် (ဆင်ဟွာ)

 

နေပြည်တော်၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

(၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(30th SEA Games)သို့ ဝင်ရောက် ယှဉ်ပြိုင် မည့် မြန်မာအားကစား အဖွဲ့အနေဖြင့် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်ကို မြှင့်တင်နိုင်ရေး ဟူသည့် အမျိုးသား ရေး သန္နိဌာန်ဖြင့် ရေကုန် ရေခန်း ကြိုးပမ်းယှဉ်ပြိုင်သွားကြရန် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့ နေ့လယ် ပိုင်း၌ တိုက်တွန်း ပြောကြားခဲ့သည်။

“ပြိုင်ပွဲ အောင်နိုင်ရေးနဲ့ အမိနိုင်ငံတော်ရဲ့ ဂုဏ်ကို မြှင့်တင်နိုင်ရေး တာဝန်ကြီးကို နိုင်ငံတော်က ပေးအပ်လိုက်ပြီး ဖြစ်တဲ့အတွက် မြန်မာအားကစား အဖွဲ့ဝင်များအားလုံး နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ်ကို အရင်းတည်ပြီး ဇွဲ လုံ့လ ဝီရိယ စိုက်ထုတ်ကာ အစွမ်းကုန်ကြိုးပမ်းသွားကြဖို့ ထပ်မံ တိုက်တွန်းလိုပါ တယ်” ဟုလည်း ဒုတိယ သမ္မတကပြောခဲ့သည်။

ဒုတိယ သမ္မတက လမ်းညွှန်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ဒုတိယ သမ္မတက ကျန်း/ အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးအား နိုင်ငံတော် အလံ အပ်နှင်းစဉ် (ဆင်ဟွာ)

ကျန်း/ အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

ကျန်း/ အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

မြန်မာအားကစားအဖွဲ့များသို့အလှူငွေပေးအပ်ကြစဉ် (ဆင်ဟွာ)

ဒုတိယသမ္မတက မြန်မာအားကစားအဖွဲ့များအား နှုတ်ဆက်အားပေးစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘီ(B)ရုံတွင် ယနေ့ နေ့လယ်ပိုင်း ပြုလုပ်သည့် (၃၀)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာအားကစား အဖွဲ့ အား အောင်နိုင်ရေး အလံ အပ်နှင်းပွဲ အခမ်းအနား၌ ဒုတိယ သမ္မတက ပြောခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲကာလအတွင်း စဉ်ဆက်မပြတ် လေ့ကျင့်ရင်း အသင်းအဖွဲ့စိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်ဖြင့် အချင်းချင်း ယိုင်းပင်းကူညီသွားကြရန်၊ အဆင့်ဆင့် စီမံကွပ်ကဲ အုပ်ချုပ်မှုကို ခံယူပြီး စည်းကမ်းနှင့် အညီ စုဖွဲ့ သွားလာ လှုပ်ရှားကြရန်၊ အနိုင်မခံ အရှုံးမပေးသော ကြံ့ခိုင်သည့် စိတ်ဓာတ်၊ မလျှော့သော ဇွဲ လုံ့လ တို့ဖြင့် ရင်ဆိုင် ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များ ရရှိအောင် စွမ်းဆောင်ခဲ့ကြရန်၊ ယခု SEA Games ပြိုင်ပွဲမှ အတွေ့အကြုံကောင်းများ ဖော်ထုတ် ရယူခဲ့ကြရန်၊ နိုင်ငံကြီးသား စိတ်ဓာတ်ဖြင့် တရားမျှတ သန့်ရှင်းစွာ ယှဉ်ပြိုင်ပြီး အရှေ့တောင်အာရှ ညီနောင် နိုင်ငံများအကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုကို ပိုမို မြှင့်တင်ပေးနိုင်သည့် အားကစား ချစ်ကြည်ရေး သံတမန်ကောင်း တာဝန်များကို ကျေပွန်ခဲ့ကြရန် နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ အောင်လံ လွင့်ပျံနေအောင် စွမ်းဆောင် ကြရန်လည်း ဒုတိယ သမ္မတက တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယ သမ္မတက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးအား နိုင်ငံတော် အလံ အပ်နှင်းခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ အားကစားအဖွဲ့၏ ကြိုတင်ပြင်ဆင်မှု အခြေအနေများကို  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ရှင်းလင်း တင်ပြခဲ့ သည်။

မြန်မာအားကစားအဖွဲ့များသို့အလှူရှင်များက အလှူငွေပေးအပ်ခြင်း၊ ၎င်းတို့အား ဂုဏ်ပြုမှတ်တမ်း လွှာ များ ပြန်လည်ပေးအပ်ခြင်းတို့ဆောင်ရွက်ကာ ဒုတိယသမ္မတက အားကစားအဖွဲ့များအား လိုက်လံ နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၉ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ အားကစားနည်း ၅၆ မျိုးဖြင့် ကျင်းပမည့်  30th SEA Games ၌ မြန်မာနိုင်ငံက အားကစားသမား ၃၅၁ ဦးတို့က အားကစားနည်း ၃၁ မျိုးတို့တွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.