Connect with us

Sport

အမျိုးသား တံခွန်စိုက် စက်ဘီးပြိုင်ပွဲ ဒီဇင်ဘာလတွင် ကျင်းပမည်

စက်ဘီးပြိုင်ပွဲ ကျင်းပနေမှု တစ်ခုအား တွေ့ ရစဉ်(ဓာတ်ပုံ-အား/ကာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ)

စက်ဘီး အားကစားနည်းကို ပြည်သူလူထု တစ်ရပ်လုံး စိတ်ပါဝင်စား လာစေရန် နှင့် မျိုးဆက်သစ် စက်ဘီး အားကစားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၅၈ ကြိမ်မြောက် အမျိုးသား တံခွန်စိုက် စက်ဘီးပြိုင်ပွဲအား ဒီဇင်ဘာလ ၂ ရက်မှ ၆ ရက်အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

၅၈ ကြိမ်မြောက် အမျိုးသား တံခွန်စိုက် စက်ဘီးပြိုင်ပွဲတွင် ပုဂံ-မိတ္ထီလာ-နေပြည်တော် တာဝေး ပြိုင်ပွဲ ၊ Cross Country,BMX နှင့် Down Hill အမျိုးအစား စက်ဘီးပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပြိုင်ပွဲသို့ ဝန်ကြီးဌာန အသင်းများ ၊ ကလပ်အသင်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အင်အား ၁၅၀ ကျော်နှင့် မြန်မာနိုင်ငံတွင် လာရောက် နေထိုင် အလုပ်လုပ်ကိုင်ကြသော စက်ဘီး ဝါသနာရှင် နိုင်ငံခြားသား ၁၅ ဦးကျော် ပါဝင် ယှဉ်ပြိုင် စီးနင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအား တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ စက်ဘီး အားကစား သမားများ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု ရရှိစေရန် ၊ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ လူငယ်များ စက်ဘီး အားကစားနည်းတွင် စိတ်ပါဝင်စားမှု ရှိလာစေရန် နှင့် ထူးချွန် ထက်မြက်၍ နိုင်ငံဂုဏ်ဆောင်နိုင်သော စက်ဘီး အားကစားသမား မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ အားကစား နှင့် ကာယပညာ ဦးစီးဌာန နှင့် မြန်မာနိုင်ငံ စက်ဘီး အဖွဲ့ချုပ်တို့ပူးပေါင်း ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)