Connect with us

Sport

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းခြေစမ်းပွဲများ ကစားမည်

မြန်မာအမျိုးသမီးအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယခုလကုန်မှစတင်ကာ ခြေစမ်းပွဲများ ဆက်တိုက်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဩဂုတ် ၃၁ ရက်တွင် ပြည်တွင်း လူငယ်အမျိုးသားအသင်းနှင့် ခြေစမ်းပွဲကစားမည်ဖြစ်ပြီး စက်တင်ဘာလလယ် တွင်လည်း ခြေစမ်းပွဲသုံးပွဲကို နှစ်ရက်ခြားတစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဇူလိုင် ၁ ရက်တွင် စတင်လေ့ကျင့်ခဲ့ရာ ဩဂုတ်လဆန်းအထိ နိုင်ငံတကာခြေစမ်းပွဲ တစ်ပွဲ၊ ပြည်တွင်းခြေစမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး သုံးပတ်ကျော်ကြာ ခြေစမ်းပွဲကစားခြင်းမရှိဘဲ ရပ်နားထား ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အာရှယူ-၁၉ ပြိုင်ပွဲတွင် ခြေစစ်ပွဲအဆင့်ဆင့် ကစားပြီးမှ နောက်ဆုံးအဆင့်သို့ တက်ရောက် ကစားခွင့်ရခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာအသင်း သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ပထမ အဆင့်ခြေစစ်ပွဲ၊ ၂၀၁၉ ခုနှစ် ဧပြီလတွင် ဒုတိယအဆင့် ခြေစစ်ပွဲတို့ ကစားခဲ့ပြီး အာရှ ဒေသတွင်း အခြားအသင်းများကို ကျော်ဖြတ်ကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.