Connect with us

Sport

၂၀၂၀အိုလံပစ်ပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးဘောလုံးအသင်း ဆက်လက်ပြင်ဆင်မည်

အမျိုးသမီးအသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

၂ဝ၂ဝ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမ အဆင့်ခြေစစ်ပွဲတွင် အုပ်စုပထမရပြီး ဒုတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာအမျိုးသမီး အသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ဆက်လက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအဆင့်ခြေစစ်ပွဲကို ၂ဝ၁၉ ခုနှစ် ဧပြီလတွင် ကျင်းပမည်ဖြစ်ပြီး အသင်းကြီးများ ပါဝင်လာမည်ဖြစ်သော ကြောင့် မြန်မာအမျိုးသမီးအသင်းအနေဖြင့် အချိန်ယူ ပြင်ဆင်မည်ဖြစ်သလို နိုင်ငံတကာခြေစမ်းပွဲများလည်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဒုတိယအဆင့်ခြေစစ်ပွဲကို ပထမအဆင့်မှ တက်ရောက်လာသည့် မြန်မာ၊ တရုတ် (တိုင်ပေ)၊ ဖိလစ်ပိုင်၊ အီရန်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ နီပေါ၊ ပါလက်စတိုင်း တို့နှင့် တိုက်ရိုက် ယှဉ်ပြိုင်ခွင့်ရထားသည့် ဗီယက်နမ်၊ ဥဇဘက်ကစ္စတန် စုစုပေါင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။ ဒုတိယ အဆင့်ခြေစစ်ပွဲကို လေးသင်းသုံးအုပ်စုခွဲ၍ ကျင်းပမည် ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးသုံးသင်းသည် တတိယ အဆင့်ခြေစစ်ပွဲသို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။

ပထမအဆင့်ခြေစစ်ပွဲကို အုပ်စုလေးခုခွဲ၍ ကျင်းပခဲ့ပြီး အုပ်စု(က) တွင် တရုတ်(တိုင်ပေ)အသင်းက ၁၂ မှတ်ဖြင့် အုပ်စုပထမ၊ ဖိလစ်ပိုင်အသင်းက ကိုးမှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု(ခ)တွင် အီရန်အသင်းက လေးမှတ်ဖြင့် အုပ်စုပထမ၊ ဟောင်ကောင်အသင်းက လေးမှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု(ဂ)တွင် မြန်မာအသင်းက ခုနစ်မှတ် ဖြင့် အုပ်စုပထမ၊ အိန္ဒိယအသင်းက လေးမှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု(ဃ)တွင် ဂျော်ဒန်အသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ အင်ဒိုနီးရှားအသင်းက လေးမှတ်ဖြင့် အုပ်စုဒုတိယရခဲ့သည်။

အကောင်းဆုံးအုပ်စုတတိယနေရာအတွက် တွက်ချက်ရာတွင် အုပ်စု (ခ) တွင် သုံးသင်းသာ ပါဝင်သောကြောင့် လေးသင်းပါဝင်သောအုပ်စုမှ အောက်ဆုံးအသင်းနှင့် တွေ့ဆုံသည့်ရလဒ်များကို ပယ်ဖျက်ခဲ့ရာ နီပေါနှင့် ပါလက်စတိုင်းအသင်းက အဆင့်(၁)နှင့် (၂)နေရာတွင် ရပ်တည်ကာ ဒုတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခဲ့သည်။ (Xinhua)

မြန်မာအသင်းသည် အုပ်စုပွဲများတွင် ဘင်္ဂလားဒေ့ရှ်အသင်းကို ငါးဂိုး-ဂိုးမရှိ၊ အိန္ဒိယအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ နီပေါ အသင်းနှင့် တစ်ဂိုးစီသရေကျခဲ့ကြောင်း ကြေးမုံသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.