Sport
ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာနိုင်ငံက ဆုတံဆိပ် ၃၃ခု ရရှိထား

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံတွင်ကျင်းပလျက်ရှိသော (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် သြဂုတ်လ ၂၇ရက်ထိ ရလဒ်များအရ မြန်မာနိုင်ငံသည် ရွှေ ၇ဆု၊ ငွေ၉ဆုနှင့် ကြေး၁၇ဖြင့် စုစုပေါင်း ဆုတံဆိပ် ၃၃ခု ရရှိပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံက ခြင်းလုံးအားကစား၊ ဝူရှူးအားကစား၊ချန်းစု လှံရှည်အားကစား၊ ပိုက်ကျော်ခြင်း၊ ဘိလိယက်နှင့် စနူကာ အားကစား၊ စသည့်တို့၌ ဆုတံဆိပ်များ ရရှိထားသည်။လက်ရှိတွင် မလေးရှားနိုင်ငံက ၂၂၃ဆု၊ ထိုင်းနိုင်ငံက ၁၉၃ဆု၊ ဗီယက်နမ်နိုင်ငံက ၁၄၀ဆု၊ စကာၤပူနိုင်ငံက ၁၄၇ဆု၊ အင်ဒိုနီးရှားနိုင်ငံက ၁၃၉ဆု ၊ ဖိလစ်ပိုင်နိုင်ငံက ၁၀၅ဆု ၊ လာအိုနိုင်ငံက ၁၇၊ ကမ္ဘောဒီးယား နိုင်ငံက ၁၁ဆုနှင့် ဘရူနိုင်းနိုင်ငံက ၁၁ဆုတို့ရရှိထားကြောင်း သိရသည်။ (Xinhua)